အာရက္ခတပ်တော်(AA)နှင့်"၀" ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် မဟာမိတ်များဖြစ်ပြီးချစ်ခင်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ရန်အတွက် AA စစ်ဦးစီးချုပ်တိုအဖွဲ့သည် "၀" ပြည်ငြိမ်းချမ်းရေး(၃၅)နှစ်မြောက်အခမ်းအနားကို တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင်“၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ မီဒီယာ တစ်ခုဖြစ်သည့် Wa Channel က ထုတ်ပြန်ထားသည်။
ထို့အပြင် AA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က "၀" ပြည်ငြိမ်းချမ်းရေး (၃၅)နှစ်မြောက်အခမ်းအနားကို ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ (AA, TNLA, MNDAA)၏ စစ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
"၀" ပြည်နယ်သည် မြန်မာနိုင်ငံ အချုပ်အခြာနယ်နမိတ်အတွင်းမှ နယ်မြေတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၇ ဒေသတစ်ခုအဖြစ် " ၀"ပြည်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်လာခဲ့သည်မှာ ၃၅ နှစ်မြောက် ပြည့်ခဲ့ပြီဖြစ်သောကြောင့် ယခုအခမ်းအနားကို အုပ်ချုပ်ရေးမြို့တော် ပန်းဆန်း (ပန်းခမ်း)မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း Wa Channel မှ ထုတ်ပြန်ထားသည်။
ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သော "၀" ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက်အခမ်းအနားကို အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ မှ စစ်ဦးစီးချုပ်များ ဂုဏ်ပြုတက်ရောက်ခဲ့ကြောင်းသိ၇သည်။
ပုံစာ- ဧပြီလ ၁၇ ရက်နေ့က ကျရောက်ခဲ့သော "၀" ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာသည့် အာရက္ခတပ်တော်(AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား ၀ ပြည် လူငယ်အနာဂတ်ခေါင်းဆောင်တစ်ဦးနှင့်အတူ တွေ့မြင်၇စဉ်။