ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဘူးသီးတောင် မြို့အေးစေတီဘုန်တော်ကြီး ကျောင်း၌ ကျန်းမာရေးမကောင်းသူများ အပါအဝင်သက်ကြီးရွယ်အို ၂၀၀ ကျော်ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 784

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၁၉ /၂၀၂၄

တစ်မြို့လုံးနီးပါး မီးရှို့ခံနေရသည့် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ အေးစေတီဘုန်တော်ကြီးကျောင်း၌ ကျန်းမာရေး မကောင်းသူများအပါအဝင်သက်ကြီးရွယ်အို ၂၀၀ ကျော်ပိတ်မိနေကြောင်း ဘူးသီးတောင် မြို့ခံများထံမှ သိရသည်။

 

ဘူးသီးတောင် ဒေသခံတစ်ဦးက "ကျွန်တော်တို့ သိရတာက အေးစေတီဘုန်းတော်ကြီးကျောင်းမှာ ကိုယ်တော်နာဂနဲ့ ကျန်းမာရေး မကောင်းသူတွေ သက်ကြီးရွယ်အိုတွေ  ၂၀၀ ကျော်လောက်အထိ ပိတ်မိနေတယ်လို့သိရတယ်" ဟု ပြောကြားသည်။

 

ဘူးသီးတောင်မြို့ ရပ်ကွက်(၄)အား မီးရှို့မူဖြစ်ပွားသည့် ဧပြီ ၁၄ ရက်ေ့တွင် ထိုရပ်ကွက်ရှိ နာမကျန်း ဖြစ်နေသူများနှင့် လူအိုလူနာ ၇၀ ကျော်မှာ အေးစေတီဘုန်းတော်ကြီးကျောင်းသို့ ခိုလှုံလာခဲ့ကြပြီး ရပ်ကွက်(၅) အပါအဝင် အခြားရပ်ကွက်များမီးရှို့ခံရစဉ် သက်ကြီးရွယ်အို ၂၀၀ ကျော်အထိ ထိုအေးစေတီ ဘုန်းကြီးကျောင်းသို့ ခိုလှုံာခဲ့ကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

 

"ရပ်ကွက်(၄)မီးလောင်တဲ့ နေ့က အေးစေတီဘုန်းကြီးကျောင်းကိုလူအို၊ လူနာဒုက္ခသည် ၇၀ ကျော် လာရောက် ခိုလှုံလာတယ်။ ရပ်ကွက်(၅)မီးလောင်တဲ့နေမှာ ဒုက္ခသည် အားလုံး ၁၅၀ ကျော် ခိုလှုံနေကြရတယ်။ စုစုပေါင်း ၂၀၀ကျော်လောက်ရှိပါတယ်" ဟု ပြောကြားသည်။

 

ဘူးသီးတောင်မြို့ပေါ်၌ရပ်ကွက် (၇)ခုရှိပြီး ရပ်ကွက် ၅ ခုရှိ လူနေအိမ်အများစုမီးလောင်သွားခဲ့ကြရပြီ ရပ်ကွက်(၇)ရှိ လူနေအိမ်များ၌ စစ်တပ်များနေရာယူထားကြသလို ရပ်ကွက်(၂)၌ မီးလောင်မူ မရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

 

"ဘူးသီးတောင်မြို့မှာ ရပ်ကွက်(၇) ခုရှိတယ်။ ရပ်ကွက် (၅)ခုက လူနေ အိမ် ၂၀၀ ကျော် မီးလောင်ခဲ့ကြရတယ်။ ရပ်ကွက်(၇) နဲ့ ရပ်ကွက် (၂)ကတော့ မီးမလောင်ဘဲ့ကျန်နေခဲ့တယ်။ လက်ရှိမှာ အဲဒီရပ်ကွက်တွေမှာစစ်တပ်နေရာယူထားကြတယ်​" ဟု ဒေသခံများကပြောသည်။


ဘူးသီးတောင်မြို့တမြို့လုံးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက်ရခိုင်လူမျိူးများထွက်ပြေးသွားကြတာကြောင်း ထို ရခိုင်လူမျိုးနေအိမ်များအား စစ်ကောင်စီတပ်နှင့် ARSA အကြမ်း ဖက်အဖွဲ့ အပါအဝင် သင်တန်း ဆင်းပြီးစ လက်နက်ကိုင် မွတ်ဆလင်များက  ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်များအား မီးရှို့ခဲ့ကြသဖြင့် တစ်မြို့လုံးနီးပါးရှိ လူနေအိမ်​ များမီးလောင်သွားခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ