Preview

မောင်တောခရိုင်ရဲတပ်ဖွဲနှင့် မြို့မရဲစခန်းတို့မှ အလုပ်ကိုစွန့်ခွာသူ ရဲတပ်သား ၁၀၀ ခန့်ရှိပြီး အားလုံးကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ(၅၀၅)ဖြင့် အမူဖွင့်

ဧပြီ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :1519
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၁/၂၀၂၄

ရခိုင်ပြည်နယ်မောင်တောခရိုင် ရဲတပ်ဖွဲနှင့်မြို့မရဲစခန်းတို့ မှ နုတ်ထွက်စာတင် ထွက်သွားသူနှင့် ထွက်ပြေးသူအရေအတွက်(၁၀၀) ခန့်အထိ ရှိလာနေပြီး ၎င်းတို့အားလုံးကို  မောင်တောမြို့မရဲစခန်း၌ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ(၅၀၅) ဖြင့် အမှုဖွင့်ထားကြောင်း  ရဲအသိုင်းအဝန်းမှ တဆင့် သိ၇သည်။

"ထွက်ပြေးသွားကြသူများတယ်။ နုတ်ထွက်စာတင်ပြီးထွက်သွားကြတာလည်းရှိတယ်။ တစ်ရက်ထက် တစ်ရက် များလာတာပေါ့ဗျာ။ အခုဆို ထွက်ပြေးသူနဲ့ နုတ်ထွက်သူ ၁၀၀ လောက်အထိ ရှိသွားပြီ" ဟု ပြောကြားသည်။

မောင်တောခရိုင်ရဲတပ်ဖွဲနှင့်မြို့မ ရဲစခန်း ၌ ယခင်က အင်အား ၂၀၀ ကျော်ရှိခဲ့ပြီး၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်တို့အကြား  တကျော့ပြန် စတင်ဖြစ်ပွားလာသည့် တိုက်ပွဲများ နောက်ပိုင်းမှစပြီး ထွက်ပြေးသူ၊ နုတ်ထွက်စာတင်ပြီးထွက်သွားသူများလာပြီး  လက်ရှိအချိန်တွင်  အင်အား ၁၂၀ ခန့်သာ ကျန်ရှိတော့ကြောင်း ရဲအသိုင်းအဝန်းထံမှသိ၇သည်။

"ထွက်ပြေးတဲ့အထဲမှာအရာရှိအဆင့်ကနေ တပ်သားအဆင့်အထိပါတယ်။ လက်နက်နဲ့ ထွက်ပြေးသူတွေရှိတယ်။ တချို့က လက်နက်မဲ့ထွက် ပြေးသူတွေရှိတယ်။ အေအေ ဖက်ကို ထွက်ပြေးသူရှိသလို အခြားမြို့ရွာတွေကိုတိမ်းရှောင်ထွက်ပြေးသွားတာလည်းရှိနေကြတယ်"ဟု ၎င်းက ပြောဆိုသည်။

အာရက္ခတပ်တော် ( AA)ဘက်သို့ ထွက်ပြေးသွားသူများအထဲတွင်  လက်နက်မဲ့ထွက်ပြေး သွားသူများလည်းရှိသလို  နုတ်ထွက်စာတင် ထွက်သွားပြီးမှ အာရက္ခတပ်တော်ဘက် ထွက်ပြေး ကြသူများ ရှိကြောင်း ရဲအသိုင်းအဝန်းကပြောဆိုသည်။

ထိုသို့လက်နက်ဖြင့် ဖြစ်စေလက် နက်မဲ့ဖြစ်စေ နုတ်ထွက်စာတင်ပြီးဖြစ်စေ၊  ထွက်ပြေးသွားသူများ ဖြစ်စေ  အားလုံးကို နိုင်ငံတော်ပုန်ကန်မူပုဒ်မ(၅၀၅) ဖြင့် မောင်တောမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း သိ၇သည်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.