Preview

AA စိုးမိုးထိန်းချုပ်ထားသည့် နယ်စပ်ထွက်ပေါက် ဘူးသီးတောင်-မောင်တောလမ်းပေါ်တွင် အပြင်းအထန်တိုက်ပွဲဖြစ်နေ

ဧပြီ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :6061
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၁ /၂၀၂၄

အာရက္ခတပ်တော် (AA) ိန်းချုပ်ထားသည့် ၇ခိုင်ပြည် အနောက်ဘက်နယ်စပ် ၁၆ မိုင်အရှည်ရှိသည့် ဘူးသီးတောင်-မောင်တောင် လမ်းပေါ်တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေကြောင်း အနီးအနား ကျေးရွာများရှိ  ဒေသခံများထံမှ သိ၇သည်။

"ဒီနေ့မနက်၆ နာရီလောက် မှာ မောင်တော ၄ မိုင် နဲ့ ၅ မိုင်ကြားက စိုက်ပျိုးရေးရုံးရဲ့ နောက်ဘက်က  တောထဲမှာ  စစ်တပ်နဲ့ အေအေတိုက်ပွဲပြင်း ထန်စွာဖြစ်နေကြတာ။ ၅ မိုင်နတ်ဆွေတော် ဘုန်းကြီးကျောင်းမှာစစ်တပ်က အင်အားအပြည့်နဲ့ အထိုင်ချထားတယ်။ အေအေဖက်ကတော ၆ မိုင်ကနေ ဘူးသီးတောင်လမ်းတစ်လျှောက်စိုးမိုးထားတယ်လို့သိ၇တယ်" ဟု ပြောကြားသည်။

ဘူးသီးတောင်-မောင်တော၁၆ မိုင်ကားလမ်းအား အာရက္ခတပ်တော် (AA) ှ ဧပြီလ ၉ ရက်က စပြီး ထိန်းချုပ်ထားလိုက်သဖြင့်  မောင်တောသို့ စစ်ကောင်စီ ရေကြောင်းမှတင်သွင်းလာတဲ့ လက်နက် ရိက္ခာ၊ စားနပ်ရိက္ခာ၊ စစ်သည်အင်အားများအား ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များသို့ သယ်ယူမ၇တော့ဟု သိ၇သည်။

သို့အတွက် အဆိုကားလမ်းအား စစ်ကောင်စီက ြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေပုံ၇သည်ဟု ၎င်းဒေသခံ သတင်းရင်းမြစ်က ပြောည်။

"မတ်လ ၂၇ ရက်နေ့ကနေဧပြီလ ၇ ရက်နေ့အထိ မောင်တောနဲ့ ဘူးသီးတောင်က တပ်ရင်း တပ်ဖွဲတွေ အတွက်စစ်ကောင်စီကရေကြောင်း ကိုသုံးပြီးကညင်ချောင်စီးပွါးရေးဇုန်ကနေ လက်နက်၊ စားနပ်ရိက္ခာ၊ လောင်စာဆီ နဲ့စစ်သည်အင်အင်းအားတွေကိုဇက် ၃ စီးနဲ့ ကုန်းပေါ်ကိုတင်တယ်။အဲဒီဇက် ၃ စီ ပြန်မှာ ဘူးသီးတောင် ကစစ်ကောင်စီမိသားစုဝင်တွေကို အေအေ ဖက်က သွားခွင့်ပြုခဲ့တယ်။ ဘူးသီးတောင်ဖက်ကို တင်ပို့မယ့်လက်နက်နဲ့စားနပ်ရိက္ခတွေကို တင်ပို့လို့မ၇အောင် အေအေက သစ်ပင်ကြီးတွေကို ခုတ်လှဲပြီး ပိတ်ထားလိုက်တာ" ဟု  စစ်ရေးလေ့လာသူ မောင်တောဒေသခံတွေက ပြောကြားသည်။

ဘူးသီးတောင်မြို့ရှိစစ်ကောင်စီတပ်ရင်းတပ်ဖွဲများ နှင့် နယ်ခြားစောင်တပ်ရင်းတပ်ဖွဲ့များမှ မိသား စုဝင်များအား အာရက္ခတပ်တော်မှဘူးသီးတောင်-မောင်တောလမ်းမှ သွားလာခွင့်ပြုခဲ့သော်လည်း စစ်ကောင်စီမှရေကြောင်း အသုံးပြုပြီးမောင်တောကညင်ချောင်းစီးပွါးဇုန်မှတင်သွင်းလာတဲလက်နက်၊ စားနပ်ရိက္ခာ၊ လောင်စာဆီတင်ပို့မူအားယနေ့အထိ တားဆီးပိတ်ဆို့ထားသည်ဟု သိ၇သည်။

#AA#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.