အေးမြတ်ခိုင်/နိရဉ္စရာ၊ ဧပြီလ ၂၂၊ ၂၀၂၄
အာရက္ခတပ်တော် (AA)ကို ရိက္ခာပို့သည်ဟုဆိုကာ ၇ခိုင်ပြည်၊ ကျောက်ဖြူမြို့မှ LGBT( လိင်စိတ်ခံယူမှု ကွဲပြားသူ) မောင်
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေထောင့် ကျေးရွာမှ ကိုမောင်ရှည်(၃၃ နှစ်) နှင့် အစ်မဖြစ်သူ မနုနုရွှေ(၄၃ နှစ်) တို့ ဖြစ်ကြောင်းသိ၇သည်။
ယမန်နေ့ ဧပြီလ ၁၉ ရက် ည ရ နာရီခန့်တွင် ၎င်းတို့ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
"မောင်ဖြစ်သူက ကုန်စိမ်းရောင်းတာပါ။ အသီးအရွက်တွေ ဝယ်ရောင်းတယ်။ အဲ့ဒါကို အေအေဆီ ရိက္ခာပို့တယ်ဆိုပြီး ဖမ်းတယ်။ အမဖြစ်သူကို အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ နှစ်ယောက်လုံးကို ဖမ်းသွားတာပါ။ သူတို့ကို သတင်းပေးတိုင်တဲ့လူ ရှိတယ်လို့လည်း သိ၇ပါတယ်"ဟု ၎င်းကပြောသည်။
မနုနုရွှေနှင့် ကိုမောင်ရှည်တို့ မောင်နှမနှစ်ယောက်လုံးသည် LGBT( လိင်စိတ်ခံယူမှုကွဲပြားသူ)များ ဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။
လက်ရှိတွင်၎င်း သူတို့ နှစ်ဦးကို ကျောက်ဖြူ ရဲစခန်းတွင် ဖမ်းဆီးထားပြီး မိသားစုဝင်များမှာ လမ်းပိတ်ထားသည့်အတွက် တွေ့ခွင့်မရဖြစ်နေပြီးစိုးရိမ်
"မနက်က နုနုရွှေနဲ့ အတူနေတဲ့အမျိုးသမီးက သူတို့အခြေအနေလေးကြည့်ရင်း အဝတ်၊ ကွမ်း၊ဆေး နဲ့ လိုအပ်တာလေးပေးဖို့ဆိုပြီးသွား
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်ကလည်း ကျောက်ဖြူမှ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီအား ဝေဖန်သည့်စာသားများရေးသားသည်ဟု
အလားတူ ကျောက်ဖြူမြို့မှ ဒေသခံများကို သွားလာခွင့်များတင်းကျပ်စွာ ပိတ်ပင်ကာ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသည့်အတွက် ဒေသခံများစိုးရိမ်နေ ကြရကြောင်း သိ၇သည်။