ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

မောင်တောတွင် စစ်ကျန်ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲ၍ မွတ်ဆလင်ကလေးငယ်နှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 414

သဉ္ဇာနွယ်/ နိရဉ္စရာ၊ဧပြီ ၂၂/ ၂၀၂၄

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်းက ကောက်ရလာသည့် ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲပြီး မွတ်ဆလင်ကလေးငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲကြောင်းသိရသည်။

သေဆုံးသွားသူမှာ သရက်တောင်အုပ်စု၊ အဘူဂျာကျေးရွာမှ မောင်အပ်ဒူရော်ဟိမ်း အသက် (၆)နှစ်နှင့် မဒေါ့လာဘီ အသက်(၇) နှစ် တို့ဖြစ်သည်။

အဆိုပါ ကျေးရွာသားတစ်ဦးက "ကလေးတွေက လယ်ကွင်းမှာဆော့ကစားနေကြတာ။ ဗုံးသီးကို ဗုံးသီးမှန်း မသိကြတာ နယ်ဖက်တွေမှာ ဒီလို စစ်ကျန် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ အရမ်းအားနည်းပါတယ်။ အသက် မသေသင့်ပဲသေရတယ်။ အဲ့ကလေးတွေမှာ ယောကျ်ားလေးက ညာဖက်ခြေထောက်ပြတ်သွားပြီးသေတယ်။ မိန်းကလေးမှာခြေထောက်ရော ခေါင်းရောထိပြီး သေသွားတယ်ဟုပြောသည်။



လက်ရှိတွင် သေဆုံးသူကလေးငယ်များအား သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သေတာနဲ့ ချက်ချင်း သင်္ဂြိုလ်လိုက်ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေက စစ်ဖြစ်တဲ့နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိတော့ သတိထားဖို့လိုအပ်ပါတယ်။ အရင်ရက်ပိုင်းအတွင်းကလည်း ဒီလိုဗုံးသီးကို ဆော့ကစားမိလို့ ဒဏ်ရာရသွားတဲ့ကလေးတွေရှိခဲ့တယ်ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင် စစ်လက်ကျန် ဗုံးသီးကို ကောက်ရာလာသူ ကလေးများဆော့ကစားရာမှ ပေါက်ကွဲပြီး  ၁၁နှစ်အောက်အရွယ် ယောကျ်ားလေး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ