စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့် ၂၈၅ ဦးကို နေရပ်ပြန်ပို့မည့်အစီအစဥ် ဧပြီလ ၂၅ ရက်နေ့ သို့ ရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၂/ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်  ၂၈၅ ဦးကို မြန်မာနေရပ်ပြန်ပို့မည့် အစီအစဥ်ကို ဧပြီလ ၂၅ ရက်နေ့ သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ယနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၈၅ ဦးကို ယနေ့တွင် ဒုတိယအသုတ် နေရပ်ပြန်ပို့ရန်  စီစဉ်ထားသော်လည်း ၎င်းအစီအစဉ်ကို  ဧပြီ ၂၅ ရက်သို့ ရွှေ့ပြောင်း လိုက်ကြောင်း  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောသည်။

မြန်မာနိုင်ငံမှာ သောင်တင်ပြီး ထိန်းသိမ်းခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၄၄ ဦးကို တင်ဆောင်လာတဲ့ မြန်မာသင်္ဘောဟာ ဧပြီလ ၂၄ ရက်နေ့မှာ (ဘင်္ဂလားဒေ့ရှ်နိုင်ငံကို) ဆိုက်ရောက်လာမှာ ဖြစ်ပါတယ်။ နောက်တစ်နေ့(ဧပြီ၂၅ရက်) မှာတော့ မြန်မာစစ်သားတွေက အဲဒီ သင်္ဘောနဲ့ပြန်ကြမှာ ဖြစ်ပါတယ်"ဟုဝန်ကြီးက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရခိုင်တွင်  ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ွက်ပြေး တိမ်းရှောင်လာခဲ့သည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း လူ ၃၃၀ ဦးကို  ပထမအသုတ်အနေဖြင့်  နေရပ်ပြန်ပို့ခဲ့သည်။

 Source/BD News24

ဆက်စပ် သတင်းများ