စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျီးကန်းပြင်ဌာနချုပ်အနီး တိုက်ပွဲဖြစ်လာနိုင်သဖြင့် ကျေးရွာ ၅ ရွာ မှ ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့တိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၂ /၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲ့ရေးမှူးရုံးအခြေစိုက်ရာ ကျီးကန်းဌာချုပ်အနီး စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်လာမှာကို စိုရိမ်ပြီး ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ်အနီးရှိ ကျေးရွာ ၅ ရွာမှဒေသခံ ၂၀၀၀ ကျော်မှာ ဧပြီလ ၂၂ ရက် ယနေ့မနက်မှစပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ထိုကျေးရွာသားများထံမှ သိရသည်။

"ကျီးကန်းပြင်ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်လာနိုင်တော အဲဒီဌာနချုပ်နားက ကျေးရွာ ၅ ရွာက ဒေသခံ ၂၀၀၀ လောက် ဒီနေ့ က စပြီး ဘေးလွတ်ရာကိုတိမ်ရှောင်နေကြတယ်"ဟု ြောကြားသည်။

ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ကျီးကန်းပြင်၊ အောင်ဇေယျ စသည်ကျေးရွာများမှ ပြည်သူ ၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။

မောင်တောမြောက်ပိုင်း၌အရေးပါဆုံးဖြစ်
သည့်  ကြိမ်ချောင်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ(ခွဲ) နခခ(၇)အားအာရက္ခတပ်တော် မှ ဧပြီလ ၁၁ ရက်နေ့မနက် ၁ နာရီ ၁၅ မိနှစ်၌အပြီးသိမ်းပိုက်ခဲ့သည်။

"ကြိမ်ချောင်းပြီးယင် ကျီးကန်းပြင်ကို အေအေ ကတိုက်လာမယ်ထင်ပြီး ကျေးရွာ ၅ ရွာက ကျွန်မတို့ ဒေသခံတွေထွက်ပြေးကြတာ။ အများပြေးတောပြေးကြရတာပေါ့။ အိမ်ကဘာမှမယူနိုင်ခဲ့ဘူး။ မွေးထားတဲ့ ကြက်တွေ ၊ ဆိတ်တွေ၊ နွားတွေ ဒီအတိုင်းထားခဲ့ကြရတာ"ဟု ောင်သာယာ(နတလ) ကျေးရွာ မှ မောင်တောမြို့ပေါ်သို့ ထွက်ပြေးလာသူ အမျိုးသမီးတစ်ဦးကပြောဆိုသည်။

ထိုထွက်ပြေးနေကြတဲ့ ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၂၀၀၀ ကျော်မှာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ကြိမ်းချောင်းအပါအဝင် မြောက်ပိုင်းဒေသရှိကျေးရွာများသို့ တိမ်းရှောင်နေကြသူများ ရှိသလို ဆွေမျိုးမိသားစုများရှိရာ မောင်တောမြို့ပေါ်သို့ တိမ်ရှောင်လာကြသူများလည်းရှိကြောင်း ထိုကျေးရွာ ဒေသခံများထံမှ သိရသည်။

ဆက်စပ် သတင်းများ