Preview

သံတွဲ- တောင်ကုတ်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီးကို စစ်တပ်ကပစ်ခတ်၍ ဒရိုင်ဘာသေဆုံးပြီး အမျိုးသမီးတစ်ဦး အပါအဝင် ၂ ဦးဒဏ်ရာရ

ဧပြီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :1428
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၂၄

၇ခိုင်ပြည်၊ သံတွဲ- တောင်ကုတ်ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်တွင် ယမန်နေ့က စစ်ကောင်စီတပ်က  ခရီးသည်တင်ကားတစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ရာကားမောင်းသူ အမျိုးသာသေဆုံးပြီး အမျိုးသမီးတစ်ဦးနှင့် သုံးဘီး ဆိုင်ကယ်မောင်းသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။ 

 

သေဆုံးသူကားဒရိုင်ဘာမှာ ကိုစိုးသူဖြစ်ပြီး  ဒဏ်ရာ၇သူအမျိုးသမီးမှာ EPC ဝန်ထမ်းဖြစ်ကာနောက်ထပ် ဒဏ်ရာရသူ အမျိုးသားတစ်ဦးမှာ သုံးဘီးဆိုင်ကယ်ဖြင့် ငါးရောင်းချသူဖြစ်ကြောင်းသိ၇သည်။  

 

ကျေးရွာသားတစ်ဦးက "ကျွန်တော်သိ၇တာတော့ ကားကိုရပ်ခိုင်တာ မရပ်လို့ သေနတ်နဲ့ လိုက်ပစ်တာလို့ကြားတယ်။ အခုက ဂိတ်တွေမှာ ကားတွေမဖြတ်၇ဘူးလေ။ ဒရိုင်ဘာက ပွဲချင်းပြီးသေပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ ဆိုင်ကယ်သမားကတော့ သေနတ်ဒဏ်ရာ၇ကြပါတယ်။ ပြင်းထန်တယ်လို့ပြောတာပဲ" ဟု ပြောသည်။

 

၎င်းဖြစ်စဉ်သည် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သံတွဲမြို့နယ် ရွှေလှေကျေးရွာ၊ တံတားဦးဂိတ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ကားဒရိုင်ဘာဖြစ်သူ သေဆုံးပြီး ကားပေါ်ပါလာသူ အမျိုးသမီးတစ်ဦးအပြင် နောက်ထပ် လမ်းဘေးမှ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားတစ်ဦးတို့မှာ သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် စိုးရိမ်၇သည့် အခြေ အနေရှိနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောကြားသည်။ 

 

" ကုန်ကားမှာပါလာတဲ့ ၅ယောက်လောက် ဒဏ်ရာရတယ်လို့သိ၇တယ်။အမျိုးသမီးနဲ့ ဆိုင်ကယ်သမား နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်တဲ့။ အသေးစိတ်တော့မသိ၇သေးဘူး။ သေနတ်ထိတဲ့ ဆိုင်ကယ် သမားကတော့ ရေခဲပုံးနဲ့ငါးတွေတင်ရောင်းတာ " ဟုပြောသည်

 

၎င်းသုံးဘီးဆိုင်ကယ်မောင်းသူသည်ငါးအပြည့်ပါသည့် ရေခဲပုံးများတင်ဆောင်လာကာခရီးသည်တင်ကားနှင့် မနီးမဝေးမှ မောင်းနှင်လိုက်ပါာစဉ် သေနတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

 

သေဆုံး ဒဏ်ရာရရှိသူများကို တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိ၇သည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က သံတွဲမြို့နယ်တွင် သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် တစ်မိုင်အတွင်းရှိသည့် ဒေါ်မြရွာဟောင်း၊ ပုရစ်၊ ရေကောက်ကျေးရွာနှင့် ဆူးပုတ်ကုန်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများသဖြင့်လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေဗီကလည်း ၎င်းတိုက်ပွဲဖြစ်ပွားရာ ဒေါ်မြကျေးရွာအနီးကို လက်နက်ကြီးများဖြင့် အဆက်မပြတ် လှမ်းပစ်ခတ်ခဲ့သည်။

 

စစ်ကောင်စီတပ်သည် သံတွဲမြို့မှ တောင်ကုတ်မြို့ဘက်သို့သွားသည့် ဂိတ်အားလုံးကို ယမန်နေ့ညနေ ၄နာရီအချိန်ခန့်မှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.