Preview

ကျီးကန်ပြင်ဌာနချုပ်အနီးရှိ အောင်မင်္ဂလာနယ်ခြားစောင့်စခန်း AA ထံ လက်နက်ချ

ဧပြီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :2324
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းအမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ ကျီးကန်းပြင် ဌာချုပ်အနီးရှိအောင်မင်္ဂလာကျေးရွာ နယ်ခြားစောင့် စခန်းသည် ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်း၌အာရက္ခတပ်တော်ထံ လက်နက်ချခဲ့သည်ဟု သတင်းရရှိသည်။ 

 

လက်နက်ချပြီူနောက် စစ်ကောင်စီမှဂျက်တိုက်လေယာဥ် ၂ စီးဖြင့်ဗုံးလာကြဲချခဲ့ကြောင်း ဒေသတွင်း ခိုင်လုံသည့်သတင်းများရင်းမြစ်အ၇သိ၇သည်။

 

 " ဧပြီ ၂၃ ရက်နေ့ နေလယ်ပိုင်းမှာစခန်းတစ်ခုလုံးလက်နက်ချလိုက်တာ။ အင်အား ၃၀ လောက်ရှိတယ်။ လက်နက်ချပြီးတဲ့နောက် ဂျက် ၂ စီးနဲ့လာပြီးဗုံးကြဲတယ်။မောင်တော နခခ(၅) နဲ့နတ်မြစ်၀က စစ်သင်္ဘောကလက် နက်ကြီးဆက်တိုက်ပစ်ခဲ့တယ်ဟု ပြောကြားသည်။

 

အာရက္ခတပ်တော် ( AA)သည် မောင်တောမြို့နယ် မြောက်ပိုင်း စစ်ကောင်စီစခန်းများကို တစ်ခုပြီး တစ်ခုထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာရာ လက်ရှိ ကျီးကန်းပြင် ဌာနချုပ်သို့ထိ ရောက်ရှိလာပြီ ဖြစ်သည်။

 

အာရက္ခတပ်တော်မှ ၎င်းဌာချုပ်စခန်းကို ထိုးစစ်ဆင်တိုက် ခိုက်လာပါက တိုက်ပွဲပြင်းထန်နိုင်သဖြင့်  ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ကျီးကန်းပြင်၊ အောင်ဇေယျ စသည် ကျေးရွာများမှအရပ်သားပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်ရှောင် ထွက်ပြေးနေကြ၇သည်ဟု အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးက ပြောသည်။

 

 "ကျီးပြင်ဖက်ကို မြို့သူကြီး နခခ(၅)က လက်နက်ကြီးပစ်သံတွေဆက်တိုင်းကြားနေရတယ်။ ကျီးကန်းပြင်ဖက်မှာကျရောက် ပေါက်ကွဲသံကိုပါမောင်တောမြို့ပေါ်ကကြားနေ၇တယ်။အေအေ ဖက်က ကျီးကန်းပြင်နယ်ခြားစောင်းဌာနချုပ်ကို လေးဖက်လေးတန်က ဝိုင်းပိတ်ထားတယ်လို့တော ကြားသိ၇တယ်"ဟု ြောကြားသည်။

 

၇ခိုင်ဒေသ၌၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ မှစပြီး အာရက္ခတပ်တော်မှ စစ်ကောင်စီတပ်များအားတစ်ကျော့ပြန်ထိုးဆင်တိုက်ခိုက်မူ၌ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနယ်ခြားစောင့် စခန်းများနှင့်စစ်ဗျူဟာစခန်းများဖြစ်သည့်ဒုံးညို၊ တောင်ပြိုလက်ဝဲ/လက်ယာ အောင်သပြေ၊  ကြောင်နဘေ၊ ခမောင်းဆိပ်၊ တမန်းသား၊ ကြိမ်ချောင်း၂၄ ဗျူဟာ၊ နခခ(၇)၊ ငါးခူ၇၊ ရွက်ညို့တောင် စသည့်စခန်းများအားအပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.