Preview

ဘူးသီးတောင်မှ အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေးမည်ဟု AA ပြော

ဧပြီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :2362
ရခိုင် သတင်း

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီ၂၄/၂၀၂၄

၇ခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့်အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေးမည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်၇ ဦးခိုင်သုခက နိရဉ္စရာသို့ ပြောသည်။

"အပြစ်မဲ့ပြည်သူတွေကိုတော့ ဘာသာလူမျိုးမခွဲခြားဘဲ တတ်နိုင်သမျှကူညီကာကွယ်ပေး သွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်မြို့ ပတ်ပတ်လည်လည်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့ပေါ်တွင်လည်း နေအိမ်အများအပြားမီးရှို့ခံထား၇ကာ ဒေသခံပြည်သူလည်း ပိတ်မိနေဆဲဖြစ်ကြောင်း သိ၇သည်။

ဦးခိုင်သုခကအခုလက်ရှိမှာအာရက္ခပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ARSA, ARA နှင့် အခြားစွန်းရောက်ွတ်ဆလင်တွေကို သင်တန်းပေး၊လက်နက်တပ်ဆင်ပေးနေပါတယ်။ ဒီမွတ်ဆလင်အစွန်းရောက် အဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာဘူးသီးတောင်မြို့ထဲက ရက္ခိုင်လူမျိုးတွေရဲ့အိမ်တွေ၊ တခြားဘာသာဝင်တွေရဲ့အိမ်တွေကို ဖောက်ထွင်းခိုးယူတာ မီးရှို့ဖျက်ဆီးတာတွေကိုလုပ်ဆောင် နေပါတယ်။ဒါဟာ မဆလင်တွေနှင့်တခြားဘာသာဝင်တွေကြား လူမျိုးရေးဘာသာရေးပဋိပက္ခ ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိနှင့်ဖန်တီးနေတာဖြစ်ပါတယ်ဟုလည်း ပြောဆိုသည်။

သို့သော်လည်း ယခုလုပ်ရပ်တွင် အေးချမ်းစွာနေထိုင်လိုသူ မွတ်ဆလင်များမပါဝင်ဘဲသူတို့မှာလည်း ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပိတ်မိနေသဖြင့်အေးချမ်းစွာနေလိုသည့် ပြည်သူများကိုမည်သူကိုမဆို  လူမျိုး ဘာသာမခွဲခြားဘဲ တတ်နိုင်သမျှ ကူညီကာကွယ်ပေးသွားမည်ဟု ဦးခိုင်သုခက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့မှ ဟိန္ဒူ ဘာသာဝင်တစ်ဦးကလည်းဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် စစ်တပ်က ထောက်ခံထားသည့် မွတ်ဆလင် အကြမ်းဖက်အဖွဲ့  ARSA နှင့်ARA တို့၏ မီးရှို့မှုကြောင့် ရခိုင်နှင့် ဟိန္ဒူဘာသာဝင်များ၏နေအိမ်များ ထောင်နှင့်ချီပြီး မီးလောင် ဆုံးရှုံးသွားခဲ့ပြီဟု ပြောကြားသည်။

"ဘူးသီးတောင်မှာ တော်တော်ကို ဆိုးနေတဲ့အနေအထားပါ။ မြို့ပြင်မှာ အေအေတွေ ဝိုင်းထားပေမဲ့ မြို့ထဲမှာက စစ်တပ်နဲ့  စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ အာဆာအဖွဲ့နဲ့ အပေါင်းအပါတွေ အများကြီးပါပဲ။ နောက်ပြီး မီးတိုက်မှု ဖြစ်စဉ်တွေမှာလည်း ၇ခိုင်အိမ်တွေ၊ ဟိန္ဒူတွေအိမ်ကို မီးရှို့ပြီး မွတ်ဆလင်အိမ်နဲ့ ကပ်နေရင် ကြိုပြီး မီးသတ်ကားနဲ့ မီးမကူးအောင် လုပ်ထားကြတယ်။ ဒါဟာ မွတ်ဆလင်မဟုတ်တဲ့ ဘူးသီးတောင်ဒေသခံတွေကိုပဲ ရည်ရွယ်ချက်နဲ့လုပ်မှန်း အရမ်းသိသာပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး ပြသနာကြီးထွားအောင်လုပ်နေပါတယ်။နောက်ပြီး မြို့ထဲမှာ အိမ်စောင့်ကျန်သူတွေ၊ သက်ကြီးရွယ်အိုတွေပဲ ကျန်တာများတယ်။ ကျနော်တို့မှာကတော့ ဘယ်ကို ပြေးလို့ ဘယ်ကို ခိုလှုံ၇မယ်မှန်းမသိပါဘူး။ အရင်လို စစ်ရှောင်စခန်းတွေလည်း မရှိတော့ ကျနော်တို့ ဒီလိုပဲ နေကြ၇တဲ့ ဘ၀ပါ။ အမြန်ဆုံး ကျနော်တို့အတွက် လုံခြုံမှုပေးဖို့ လိုအပ်နေပါတယ်" ဟု ပြောသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရိုနေဆန်းလွင်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း စစ်ကောင်စီက မွတ်ဆလင်ဒေသခံများအား အဓမ္မဖိအားပေးပြီးခိုင်းစေနေခြင်းမှာ ရည်ရွယ်ချက် ၂ ခုဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

"စစ်ဝတ်စုံတွေနဲ့ အိမ်တွေကိုဖျက်ဆီးတယ်၊ ဆိုင်တွေကိုဖျက်ဆီးတယ် အဲဒီလိုပုံစံမျိုးတော့ ကြားတယ်။ တကယ်လို့ ဒီဥစ္စာဖြစ်ခဲ့ရင်လည်း ဒါစစ်တပ်ကနေပြီး သူတို့ကိုသွင်းထားတာလည်း အတင်းအဓမ္မသွင်းထားတယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့ တကယ့် ရည်ရွယ်ချက်ကလည်း နှစ်ခုပါ။ တစ်ခုကဘာလဲဆိုရင် လူသားဒိုင်းအနေနဲ့သုံးဖို့။ နောက်တစ်ခုက ဒီကွန်မျူနတီနှစ်ခုကြားမှာ ၇ခိုင်နဲ့ ရိုဟင်ဂျာတွေ ကြားမှာ ပြဿနာတက်လာဖို့ပေါ့နော်" ဟုပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်၇ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသော်လည်း သူ၏ငြင်းဆိုချက်မှာ လက်တွေ့မြေပြင်ဖြစ်စဉ်နှင့် များစွာကွာခြားလျက် ရှိနေသည်ဟု ဒေသခံပြည်သူများကပြောဆိုသည်။

ဦးခိုင်သုခကလည်း  ဇော်မင်းထွန်းရဲ့စွပ်စွဲပြောဆိုချက်က- ဒါကတော့ သူခိုးက လူပြန်ဟစ်တာ ဖြစ်တယ်ဗျ။အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာသူတို့ရဲ့ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့အတွက်ကြိုးစားတဲ့အခါတိုင်း ကျနော်တို့ အဖွဲ့အစည်း အပေါ်မှာ ယုတ်ညံ့အောက်တန်းကျတဲ့နိုင်ငံရေးအောက်လုံးတွေနှင့် တောက်လျှောက် တိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာအာရက္ခဒေသက တဆင့်ချင်းနယ်မြေ လက်လွှတ်ဆုတ်ခွါနေ၇တဲ့အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာအာရက္ခဒေသမှာ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေ ဖန်တီးထားခဲ့ဖိုကောက်ကျစ်စဉ်းလဲစွလုပ်ဆောင်နေတာတွေ့၇ပါတယ်။ အခုလက်ရှိမှာ အာရက္ခပြည် ဘူးသီးတောင်၊မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီဟာ မူဆလင်ဘာသာရေးအစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA နှင့်အခြားစွန်းရောက်မူဆလင်တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်ဟုပြောဆိုသည်။  

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.