နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၄ /၂၀၂၄
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းမင်္ဂလာကြီးကျေးရွာချောင်း၀ နယ်ခြားစောင့်စခန်းအားယမန်နေ့ ဧပြီ ၂၄ ရက် ညသန်ခေါင်ကျော်အချိန် အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြောင်း မင်္ဂလာကြီးကျေးရွာ ဒေသခံမွတ်ဆလင်များက ပြောကြားသည်။
"မနေ့ကညသန်ခေါင်အချိန်ကနေ တိုက်ပွဲဖြစ်ကြတာ မနက်အာရုံ အာဇင်ဟောချိန်၅ နာရီအချိန်အထိ ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ကြတာ။ တိုက်ပွဲကတော်တော်လေးပြင်းထန်ခဲ့ကြတယ်။ လက်နက်ငယ် အပြန်အလှန် ပစ်သံတွေနဲ့ လက်နက်ကြီးပစ်သံတွေ ဆက်တိုင်းကြားနေခဲ့ကြရတယ်။ ကျွန်တော်တို့ ရွာသူရွာသားတွေအပြင်ကို အခုအချိန်အထိဘယ်သူမှမထွက်ရဲ့ကြသေးဘူး။ ချောင်း၀စခန်းမှာ နယ်ခြားစောင့် အင်အားက၃၀ လောက်ဘဲ ရှိတော့သိမ်းလိုက်ပြီးပေါ့” ဟု ပြောကြားသည်။
ထိုသို့မင်္ဂလာကြီးကျေးရွာချောင်း၀ရှိနယ်ခြားစောင့်စခန်းခန်းအား အာရက္ခတပ်တော်မှထိုးစစ်ဆင် တိုက်ခိုက်ကြစဥ် နတ်မြစ်အတွင်းမှ စစ်ကောင်စီ နေဗီက အမြောက်များနှင့်ပစ်ကူပေးခဲ့သလို နခခ(၁၀) လှဖိုးခေါင်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူ ကာကွယ် ပေးခဲ့ကြောင်း ဒေသခံတွေက ပြောဆိုသည်။
"မင်္ဂလာကြီးချောင်း၀စခန်းမှာလူအင်အားက ၃၀ လောက်ဘဲရှိတာ။ ဘယ်လိုမှ ကာကွယ် မပေးနိုင်တော့ဘူး။ နေဗီကပစ်ကူတယ်။ မောင်တော ပီအိုအီးက ငမန်းတိုက်ရေယာဥ်နဲ့ လာပစ်တယ်။ လှဖိုးခေါင်ကလည်းလက်နက်ကြီးပစ်ကူခဲ့ကြတယ်။ ဒါပေမယ့် စခန်းကျသွားပါတယ်" ဟု ပြောဆိုသည်။
မင်္ဂလာကြီးကျေးရွာချောင်း၀ရှိရှိနယ်ခြားစောင့်စခန်းမှာ ဘင်္ဂလာနှင့် မြန်မာဖက်သို့ကုန်သွယ်ရာ၌ အဓိက ငွေကြေးတောင်းခံနေသည့် စခန်းတစ်ခုလည်းဖြစ်သည်။
ဧပြီလ ၁၄ ရက်နေ့ မနက်အာရုံ၌ နယ်မြေ(၅)ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ နယ်ခြားစောင့်၂၀၀ ခန့် ထွက်းပြေးသွားခဲ့ကြပြီး အရာရှိ ၆ ဦးအပါ အဝင် ၂၆ ဦး မှာ သရက်အုပ်ကျေးရွာအနီး၌ ဧပြီလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော်ထံလက်နက်ချခဲ့ကြကြောင်းနယ်ခြားစောင့်အသိုင်းအဝန်းမှသိ၇သည်။
ထိုနောက်နောက်ရွက်ညိုတောင်ကျေး ရွာနယ်ခြားစောင့်စခန်းမှနယ်ခြားစောင့် ၁၅၀ ကျော်တို့ မှာလည်း ဘင်္ဂလာဖက်သို့ ထွက်ပြေးသွားကြသူများရှိသလို ARSAတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း သွားကြသူများလည်းရှိပြီးရွက်ညို့တောင်ကျေးရွာ နှင့် သရက်အုပ်ကျေးရွာနှစ်ရွာကြား ရှိ အဘူကျ ကျေးရွာ၌ ခြေကုတ် တပ်စွဲလျှက်ရှိနေကြောင်းမွတ်ဆလင်အသိုင်းများထံမှသိရှိ၇သည်။