တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ဘူးသီးတောင်-မောင်တောကားလမ်း၌ စစ်ကောင်စီကား ၃ စီးကို AA တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

(စစ်ကောင်စီက ဂျက်တိုက်လေယာဥ်များဖြင့်ဗုံးလာကြဲ၊ AA မှဒရုန်းများဖြင့်တိုက်ခိုက်)

 နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၅ /၂၀၂၄

 

ရခိုင်ပြည်နယ်၊ဘူးသီးတောင်- မောင်တော ကားလမ်း၌ ဧပြီလ ၂၅ ရက် ယနေ့ နံနက် ၉ နာရီခန့်က စစ်ကောင် စီလက်နက်ရိက္ခာတင်ဆောင်လာသည့် ကား ၃ စီအား အာရက္ခတပ်တော် (AA) မှ မိုင်းဆွဲ တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်သည်ဟု သတင်းရရှိသည်။

 

ထိုသို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နံနက် ၁၁ နာရီကျော်တွင် ၎င်းလမ်းအားစစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်များဖြင့် နှစ်ကြိမ်တိတိ ဗုံးလာကြဲသွားခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

 

 "ဒီနေ့ မနက် ၆ နာရီမှာ စစ်ကားကို အပြာရောင်ဆေးသုတ်ထားတဲ့ ကား ၃ စီးမှာ လက်နက်တွေတင်ပြီး မိုးကာအစိမ်းရောင်ဖုံးကာ ဘူးသီတောင်ဖက်ကိုတက်သွားတယ်။ အဲဒီကား ၃ စီးကို အေအေ ဖက်က မိုင်းဆွဲတိုက်ခိုက်တယ်။ နံနက်  ၁၁ နာရီ ၄၀ လောက်မှာ အေအေ လွမ်းမိုးထားတဲ့ ၆ မိုင်ဖက်ကို ဂျက်တစ်စီးလာပြီး ဗုံး ၂ လုံး စချတယ်။ ၁၁ နာရီ ၄၅ မှာ နောက်ထက် ဂျက်တိုက်လေယာဥ် နှစ်စီး နောက်ထပ် လာပြီးဗုံးကြဲ ၄ လုံးချခဲ့တယ်။ မောင်တောမြို့တစ်ခုလုံးတုန်ခါသွားတယ်"ဟု ပြောကြား သည်။

 

အဆိုပါ ကား ၃စီးအား တပ်တော်မှ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အထိအခိုက်အကျအဆုံးကိုတော့ မသိရသေးပါ။

 

မောင်တော ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ(၂)အားလည်း ဧပြီ ၂၅ ရက်ယနေ့လည် ၁နာရီ ခန့်၌ အာရက္ခတပ်တော် မှ ဒရုန်းများဖြင့် ဗုံး ၅ လုံး တစ်ကြိမ်၊  ၃ လုံးတစ်ကြိမ်း ချပြီးတိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီကျော် ၌နောက်ထပ်ဗုံး ၂ လုံးချပြီးတိုက်ခိုင်ခဲ့ကြောင်း မျက်မြင်ဒေသများကပြောဆိုသည်။

 

"အေအေ ဖက်က နခခ(၂)နဲ့ နခခ(၅) ကို ဒရုန်းတွေနဲ့ဆက်တိုက်နေတာ။ စစ်ကောင်စီကလည်း ဒုန်းပစ်လက်တွေနဲ့ ဖျက်ဆီးတာတွေရှိတယ်။ ဒီနေ့ မွန်းတည်းမှာ ဂျက် ၃ စီးနဲ့ မောင်တော-ဘူးတောင်လမ်း ၆ မိုင်ဖက်ကို ဗုံး ၆ လုံးလာချပြီးတာနဲ့ ဒရုန်နဲ့ ဗုံးချပြီး ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်"ဟု ပြောဆိုသည်။

 

ထိုသိုအာရက္ခတပ်တော်မှ နခခ(၂) အားဒရုန်းများဖြင့် တိုက်ခိုက်လာသည့် အတွက် နခခ(၂)အတွင်း၌ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် တိုးချထားကြောင်း မျက်မြင်ဒေသများထံမှသိရသည်။

 

ဧပြီလ ၂၄ ရက် မနေ့ကလည်းအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်- မောင်တော ကားလမ်းပေါ်၌ အာရက္ခတပ်တော် (AA)နှင့် အကြမ်း ဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကြပြီး စစ်ကောင်စီ မှ အတွဲလိုက်ဒုံးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲချခဲ့သည်။

 

ဧပြီလ ၇ ရက်မနက် ၉ ရာရီ၌လည်း ၄ မိုင်ရှိ နယ်ခြားစောင်တပ်ဖွဲ့(ခွဲ)နခခ (၂)အားအာရက္ခတပ်တော်မှ ဒရုန်းဖြင့် ဗုံး ၇ လုံးထိချပြီးတိုက်ခိုက်ခဲ့သလို မြို့သူကြီး နခခ(၅)အားလည်း ဒရုန်း ဖြင့် ဗုံး ၂ လုံးချပြီးတိုက်ခိုက်ခဲ့သည်။

 

ပုံစာ- ဘူးသီးတောင်- မောင်တောကားလမ်းပေါ်မှ စစ်ကားများ (ပုံဟောင်း)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!