တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ကျောက်ဖြူ၊ စနဲမြို့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ရွာသားတစ်ဦးနှလုံးရပ်သေဆုံး၊ လေးဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်း‌တော်ကြီးကျောင်းနှင့် နေအိမ်များပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 983

အေးမြတ်ခိုင်၊နိရဉ္စရာ၊ဧပြီလ၂၅/၂၀၂၄

 

ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ရွာသားတစ်ဦးနှလုံးရပ်သေဆုံးပြီး  လေးဦး ဒဏ်ရာရရှိကာ ဘုန်း‌တော်ကြီးကျောင်းနှင့် နေအိမ်များပျက်စီးသွားကြောင်း သတင်းရရှိသည်။

 

ယနေ့ ဧပြီလ ၂၅ ရက် မွန်းလွဲ နာရီကျော်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်ကို တိုက်ပွဲ တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

မွန်းလွဲ နာရီ ၁၅ မိနစ်ခန့်တွင် ပထမအကြိမ်ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲစဉ် စနဲတိုက်နယ် သစ်ကတိုးကျေးရွာမှ ဦးညီပုချေ (၅၆) နှစ်နှလုံးရပ်ကာသေဆုံးခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

 

"သူက ပထမတခေါက် လာပစ်ကတည်းက နှလုံးရပ်ပြီး ဆုံးသွားတာပါ။ ဘာစစ်ပွဲမှမရှိဘဲ အရမ်းလန့်စရာ ကောင်းတယ် အသံတွေက။ ဒါကြောင့် သူ နှလုံးအခံရှိလို့ထင်တယ်။ နှလုံးရပ်ဆုံးသွားတာပါ" ဟု ပြောသည်။

 

ယင်းအပြင် လေးပုံကျောက်ကျေးရွာ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ၍ မောင်စိုးနိုင်ထွန်း(၂၀)နှစ် နှင့် မောင်ကောင်းထက်အောင်(၁၆) နှစ်အပါအဝင် ဒေသခံ ဦးအသေးစားထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

 

" နှစ်ကြိမ်လာ ပစ်တာပါ။ ရှေ့ဆင့် နောက်ဆင့် လာပြီးပစ်တာ။ ရွာဦး ကျောင်းနဲ့ အိမ်တွေလည်း ပျက်တယ်။ လူတွေလည်း ထိပါတယ်။ ကံကောင်းပြီး အသေအပျောက်တော့မရှိလိုက်ဘူး"ဟု ပြောသည်။

 

ထို့အပြင် ဒွေးချကျေးရွာကိုလည်း ယနေ့ မွန်းလွဲပိုင်းက ဒရုန်းဗုံးလာ‌ရောက် ကြဲချသည့်အတွက် အိမ်သုံးလုံးပျက်စီးသွားကြောင်း သိရသည်။

 

 ယင်းအပြင် ဇင်ချောင်းပင်လယ်ပြင်ရှိ ဇက်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ ရွာသစ်ကေကျေးရွာတွင် ရွာသားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုလည် သိရသည်။

 

 

ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက "စစ်ပွဲလုံးဝမရှိဘဲ လက်နက်ကြီး တနေကုန် ကြောက်ခမန်းလိလိပစ်၊ လေယာဥ်‌တွေနဲ့ ဗုံးကြဲ၊ဒရုန်းပါသုံးပြီး ဘာကြောင့် အရပ်သားတွေကို တိုက်ခိုက်နေတာလဲ။ အေအေကို ခြိမ်းခြောက်ချင်တာများလားလို့ သုံးသပ်ကြတာပေါ့နော်။ ဒီနေ့ဟာ ကျောက်ဖြူမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုအများဆုံးနေ့လည်း ဖြစ်ပါတယ်"ဟု ပြောသည်။

 

 ယနေ့ နံနက် နာရီခန့်မှ ညနေပိုင်းအထိ စနဲတိုက်နယ်၊ တောင်မော်ကြီးစခန်းမှ လပ်နက်ကြီး အလုံး ၅၀ ကျော်အထိ ပစ်ခတ်ခဲ့ပြီး သစ်ပုတ်တောင် ရေတပ်စခန်းနှင့် ဇက်နေဗီတို့မှလည်း လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ