Preview

သံတွဲသူဌေး ရေအားလျှပ်စစ်စီမံကိန်းအနီးဖြစ်ပွားနေသည့် တိုက်ပွဲများအထဲမှ လက်နက်ကြီးကျည်များ ကျရောက်လာသဖြင့် တရုတ်အင်ဂျင်နီယာများအပါအဝင် ဝန်ထမ်းများစီမံကိန်းကို စွန့်ခွာ

ဧပြီ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :3253
ရခိုင် သတင်း

သဥ္ဇာနွယ်/နိရဥ္စရာ၊ဧပြီ ၂၈/ ၂၀၂၄

၇ခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် စီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်အင်ဂျင်နီယာများအပါအဝင် တရုတ် ဝန်ထမ်းများ စီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာအင်ဂျင်နီယာများနှင့် ဝန်ထမ်းများသည် ဧပြီ ၂၆ ရက်နေ့က စခန်းကို စွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

ဒေသခံ တစ်ဦးက  သူဌေးရေးအားလျှပ်စစ်စီမံကိန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ် အင်ဂျင်နီယာတွေ အပါအဝင် တရုတ်ဝန်ထမ်း ၃၀လောက်က မနေ့ကတည်းက စီမံကိန်းကနေ ပြောင်းပြေးကြတယ်။ လက်ရှိသံတွဲက ဟိုတည်တွေမှာ တည်းခိုနေတယ်သိ၇ပါတယ်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးတွင် အာရက္ခတပ်တော်(AA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းက လက်နက်ကြီးများသည် စီမံကိန်းဧရိယာ အတွင်းထိ ကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း သိ၇သည်။

တရုတ်လူမျိုးအင်ဂျင်နီယာများနှင့် ဝန်ထမ်းများ အလုပ်သမား မိသားစုနှင့် စီမံကိန်းအနီးတွင် အခြေချနေထိုင်သည့် ကျေးရွာသားများမှာ သံတွဲ မြို့၊ဗောဓိကုန်း ရပ်ကွက်တွင်ရှိသည့် ရုံးချုပ်ကို  ထွက်ပြေးတိမ်းရှောင်လာကြ၇ပြီဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

ရေအားလျှပ်စစ်မှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေ၊တရုတ်လူမျိုးတွေလည်းပါတယ်။ရေအားမှာ နေနေကြတဲ့လူတွေ သံတွဲမြို့က ရုံးချုပ်ကိုပြောင်းလာကြပါတယ်။ မနေ့ကရေအားလျှပ်စစ် အဝန်းအတွင်းမှာ  လက်နက်ကြီးကျည်ကျရောက်တာတွေရှိခဲ့လို့ ပြောင်းရွေ့ခိုင်းတယ်လို့သိ၇တယ်ဟုပြောသည်။

သူဌေးရေအားလျွှပ်စစ် စီမံကိန်းသည် သံတွဲမြို့ အရှေ့မြောက်ဘက် (၁၂ ) မိုင် အကွာတွင် တည်ရှိပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ခန့်မှန်းထားသည်။  ၎င်းစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ပြီး ၁၅နှစ်ကျော်ကြာသည် အထိ မပီးနိုင်သေးသည့် မြန်မာနိုင်ငံ အရှည်ကြာဆုံးစီမံကိန်းတစ်ခုလည်း ဖြစ်သည်။ 

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးရှိပုရစ်၊ရေကောက်၊ဒေါ်မြကျေးရွာ၊ချင်းကွင်း၊ လင်းသီ၊ ပေါက်တော၊ မန်ကျည်ချောင်းနှင့် ရှင်စောပြင်ကျေးရွာမှ  ရွာသူရွာသား ၅၀၀ကျော်မှာ နီးစပ်ရာဆွေမျိုး ရှိသည့် မြို့နှင့် ကျေးရွာများသို့ထွက်ပြေး တိမ်းရှောင်ကြပြီး ယခုလို တိုက်ပွဲပြင်းထန်လာသည့်အတွက် စိုးရိမ်မှု များပြားနေသည်ဟု သံတွဲမြို့နယ် ဘောက်တောင်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

အခုတောင် အန်တီတို့ အိမ်ခေါင်မိုးပေါ်ကနေ လက်နက်ကြီးတွေကျော်ပစ်နေတာ။ ဘယ်တော့ကျမလ မသိဘူး။ တစ်ခါမှ ဒီလိုမကြုံဖူးဘူး။ အရမ်းကြောက်ဖို့ကောင်းတယ်။ စိုးလည်းစိုးရိမ်တယ်။ အခုဆိုရင် မနေ့ကနေ ဒီနေ့အထိ ကားတွေတောက်လျှောက်သွားတာတွေ့နေ၇တယ်။ စစ်ဘေးရှောင်နေကြတာ။ မြို့ကိုသွားတဲ့ သူကသွား၊ ဆွေမျိုးတွေရှိတဲ့ကျေးရွာဖက်တွေကို သွားတဲ့သူက သွားကြပါတယ်။ အနည်းဆုံးတော့ ၅၀၀ လောက်ရှိမယ် သောင်းနဲ့ချီတော့မရှိသေးဘူးဟုပြောသည်။

သံတွဲမြို့တွင် ယနေ့ဧပြီ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်မှစ၍ သံတွဲမြို့မှအထွက် ဗားတောင်းတောင်ရှိ စစ်ကောင်စီ၏ မြောက်တပ်မှ ရွှေလှေ၊ ဂျီပြင်၊ ဂျီ၀၊ ခမောင်းတုန်း၊ ညောင်ခြေထောက်၊ ဒါ၀၊ ရေစင်ဖက်စသည့် ကျေးရွာများဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သံတွဲဒေသခံများက ပြောသည်။

သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းနှင့် ၁၀ ခန့်အကွာတွင် ဧပြီ ၂၂ရက်နေ့ နံနက်ပိုင်းမှစ၍ ယနေ့ ဧပြီ ၂၇ ရက်နေ့အထိ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေပြီး အနီးအနား ကျေးရွာ ရွာဖြစ်ကြသည့် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာ ဒေသခံများ မှဒေသခံများ အဓိကစစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.