တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဘူးသီးတောင်​ AA ထိုးစစ် ပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

စစ်ကောင်စီက အတွဲလိုက်ဒုံးများ ဂျက်တိုက်လေယာဥ်များဖြင့်ပြန်လည်ခုခံ

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂ /၂၀၂၄

ရခိုင်ပြည်နယ်၊ဘူးသီးတောင်​မြို့နယ်ရှိ စစ်ကောင်စီ၏တပ်ရင်းတပ်ဖွဲများအား အာရက္ခတပ်တော် (AA) မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဧပြီလ ၂၇ ရက်နေ့တွင် တိုက်ပွဲမှာ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

 စစ်ကောင်စီမှ အတွဲလိုက်ဒုံးများ ဂျက်တိုက်လေယာဥ်များဖြင့် ပြန်လည်ခုခံလျှက်ရှိကြောင်း ဘူးသီးတောင်ဒေသခံများထံမှသိရသည်။

 

" မနေ့ မနက်ကတဲ့ကစပြီ ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကို အေအေဖက်က အပြင်းအထန်ထိုးဆင်တိုက်နေတာဗျ။ မနေ့က နေ့လယ် ၂နာရီလောက် မှ အမြောက် တပ်က အတွဲလိုက် ဒုံးအဆက်မပြတ်ပစ်တာ မိုးခြိမ်းသံလိုမျိုး ၁၀ မိနစ်နီးပါးအထိ တရပ်စပ် ကြားနေခဲ ကြရတာ။ နောက်ဂျက်လေယာဥ်နဲ့ဗုံးလာချအသံတွေ ကြားရတယ်။ လက်နက်ကြီးအသံက မနက်ကတည်းက ညမိုးချုပ်အထိ ကြားနေရဆဲ့ပါ။ တိုက်ပွဲကအတော်လေးကြမ်းတယ်လို့ ပြောလို့ ရတယ်" လို့ပြောကြားသည်။

 

အာရက္ခတပ်တော်မှ ဧပြီ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ညမထွက်ရ အမိန့် ထုတ်ပြန်ချက်တွင် ဘူးသီးတောင် စကခ (၁၅) အား အပြီးသတ် သိမ်းပိုက် ရယူနိုင်ရေးအတွက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ် အတွင်း တိုက်ပွဲများမှာ ပိုမို ပြင်းထန်လျက်ရှိပါသည်ဟု ဖော်ပြထားသည်။

 

စစ်ကောင်င်စီလော်ဘီတစ်ဦးမှလည်း ဘူးသီးတောင်အရေးကြီပါသည်။ အချိန်မီ အစွမ်းကုန် မဗျင်းနိုင်ရင် မိမိတပ်တွေ အကျအဆုံးများစွာနဲ့ ဆုတ်ခွာရနိုင်ပါတယ်။ လေကြောင်းပစ်ကူ အရမ်းလိုအပ်နေပါတယ် ယခု ဟု ရေးသားထားသည်။

 

လက်ရှိ AA တိုက်ခိုက်နေသောတပ် ရင်းများမှာ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) လက်အောက်ခံ ဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများ အပါအဝင် ခြေလျင် တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ဖြစ်ပြီး ထို အထဲမှ တပ်ရင်း ၅၅၂ နှင့် ၅၆၄ တို့အား အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ် သည်။

 

ဘူးသီးတောင် စကခ(၁၅)လက် အောက်ခံတပ်ရင်းတပ်ဖွဲများအပြင် ဘူးသီးတောင်၌ နယ်ခြားစောင့် တပ်ဖွဲ(ခွဲ) နခခ ၃ နှင့် နခခ ၈ တို့ ပါကျန်ရှိနေကြသေးသည်။

 

ဧပြီလ ၂၀ နေ့မှစပြီး ဘူးသီးတောင်​ရှိ တပ်မ စကခ(၁၅) နှင့် တပ်ရင်း ၅၅၁ အားအာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိ နေပြီး ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်း၌ စကခ(၁၅) လက်အောက်ခံ ခမရ(၅၆၅) အား အာရက္ခတပ်တော်မှ ဒရုန်း များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များ အရသိရသည်။

 

ဘူးသီးတောင်​မြို့နယ်ရှိစစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲများအား အာရက္ခတပ် တော် AA မှ ဧပြီလ၂၇ ရက်နေ့၌ အပြင်း အထန်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီမှ အတွဲလိုက်ဒုံးများ ဂျက်တိုက်လေယာဥ်များဖြင့် ပြန်လည်ခုခံလျှက်ရှိနေကြတာလည်းဖြစ်သည်။

 

 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်သည့် ရခိုင်ဒေသတကျော့ပြန် တိုက်ပွဲ ၅ လကျော်ကာလ အတွင်း မြို့နယ် ၉ ခုအားအာရက္ခ AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့ကို ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်လျှက်ရှိနေကြတာလည်းဖြစ်သည်။

 

ဘူးသီးတောင် စကခ(၁၅)လက် အောက်ခံ ခမရ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါ ရီလ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ ( ၃၅) မိနစ်အချိန်၌ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခမရ (၅၅၂) စခန်းအား မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ထားခဲ့သည်။

 

ထိုအတူ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ