နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၄
ရခိုင်ပြည်နယ်၊မောင်တောမြို့ မြောက်ပိုင်းမှာ တည်ရှိသည့် ကျီးကန်းပြင်နယ်ခြားစောင့် ဌာနချုပ်အပါအဝင် လှဖိုးခေါင်၊ ပြင်ဖြူ နယ်ခြားစောင့်စခန်းများကို ဧပြီလ ၂၈ ရက် နံနက်နနံနက် ၁၁ မှစပြီး အာရက္ခတပ်တော်(AA) မှဒရုန်းများဖြင့် စတင်တိုက်ခိုက်လျှက်ရှိနေကြောင်းမောင်တော ဒေသခံများထံမှ သိ၇သည်။
ဒေသခံတစ်ဦးက " မနေ့ကနေ့နံနက် ၁၁နာရီကျော်မှာ ပြင်ဖြူစခန်းကို အေအေဖက်က ဒရုန်းနဲ့ ဗုံး ၁ လုံးချတယ်။ တော်တော်လေး အသံကျယ်လောင်စွာထွက်ခဲ့တယ်။နေ့လယ်ပိုင်းမှာ နောက်ထက် ဗုံး ၂ လုံးချတယ်။အခု ညနေပိုင်းမှာ လှဖိုးခေါင် နဲ့ကျီးကန်းပြင်ကို ဆက်တိုက် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက် နေတယ်လို့ သိ၇တယ်" ဟု ပြောကြားသည်။
၎င်းစခန်းများအား အလံဖြူထောင် လက်နက်ချရန် ရာဇသံပေးထားပြီးလက်နက်ချရန်ငြင်းဆန်နေရာမှ ယခုလို ဒရုန်းများဖြင့် ဗုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း၎င်းဒေသခံက ပြောဆိုသည်။
မောင်တောမြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ကျီးကန်းပြင်နယ်ခြား စောင့်ဌာနချုပ်ကိုကြိမ်ချောင်း နခခ (ရ) အား သိမ်းပိုက်ပြီးသည့် နောက်ပိုင်းကစပြီး အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ထားပြီး၎င်းဌာနချုပ်စခန်းမှာ မောင်တောနှင့် အဆက်အသွယ်များ ပြတ်တောက်နေကြောင်း သိ၇သည်။
“ ကျွန်တော်တို့ကြားတာက ကျီးကန်းပြင်နယ်ခြား စောင့်ဌာနချုပ်ကလက်နက်ချမယ်ဆိုပြီး အစပိုင်းကကြားပါတယ်။ အခု ဒရုန်းနဲ့ အေအေက တိုက်တယ်ဆိုတော့ လက်နက်ချဖို့ဖိအားပေးတာလည်းဖြစ်နိုင်တယ်။ မဟုတ်ရင် ဆက်တိုက်တော့မယ့် အနေအထားလည်း ဖြစ်နိုင်ပါတယ်” ဟု တစ်ခြားဒေသခံတစ်ဦးကပြောဆိုသည်။
အာရက္ခတပ်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနယ်ခြားစောင့်စခန်းများနှင့် စစ်ဗျူဟာစခန်းများဖြစ်ကြသည့် ဒုံးညို၊ တောင်ပြိုလက်ဝဲနှင့် လက်ယာ၊အောင်သပြေ၊ ကြောင်နဘေ၊ ခမောင်းဆိပ်၊တမန်းသား၊ ကြိမ်ချောင်း၂၄ ဗျူဟာ၊ ကြိမ်ချောင်း နခခ(ရ)၊ ငါးခူရ၊ ရွက်ညိုတောင်စသည့် စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးသည်။
ကျန်ရှိနေသေးသည့် ကန်းပြင်နယ်ခြား စောင့်ဌာနချုပ်အပါအဝင်လှဖိုးခေါင် ၊ ပြင်ဖြူ၊
မောင်တောမြို့ ၄မိုင် အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ(၂) တို့အားလည်း အာရက္ခတပ်တော် မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
မောင်တော ၄ မိုင် အနီးရှိ ထမင်းဆိုင်များမှာလည်း တိုက်ပွဲများကြောင့် နေရာပြောင်းရွေ့၇တော့ မည်ဖြစ်ကြောင်း ဈေးဆိုင်သည်များက ပြောဆိုထားကြသည်။
အမျိုးသမီးဈေးဆိုင်ရောင်းသူ တစ်ဦးက "ကျွန်မတို့ကဈေးဆိုင်ရောင်းပြီး အသက်မွေး နေကြသူတွေပါ။အခုလက်ရှိမှာဘယ်လို့မှ ဈေးဆိုင်ရောင်းလို့ အဆင်မပြေတောဘူး။ဆိုင်ရှေ့မှာ လက်နက်ကြီးလာကျတယ်။ ဒရုန်းနဲ့ လာချတောလည်းဆိုင်အနီးမှာကျတယ်။ လူနေထိုင်ဖို့ ဘယ်လို့မှ အဆင် မပြေကြတောဘူး"ဟု ပြောဆိုသည်။
မောင်တောမြိူ့နယ်ရှိနယ်ခြားစောင့် စခန်းများဖြစ်ကြတဲ့ နယ်မြေ(၆)ပြင်ဖြူစခန်း နှင့် နယ်ခြားစောင့် တပ်ဖွဲခွဲနခခ(၁၀) လှဖိုးခေါင်စခန်းနှင့် အမှတ်(၁)ကျီးကန်းပြင်ကွပ်ကဲရေး ဌာနချုပ်အားအာရက္ခတပ်တော်မှ အချိန်မရွေး ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။
အလားတူ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဗျူးဟာ ကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းတပ်ဖွဲများ အားလုံးကို အာရက္ခတပ်တော်မှ ဧပြီလ၂ရရက်နေ့မှ စတင်ပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေကြောင်း သိရှိ၇သည်။