နောင်မင်းသူ၊နိရဉ္စရာ၊ ဧပြီ ၂၉ /၂၀၂၄
၇ခိုင်ပြည်နယ်၊မောင်တောမြို့၌ သုံးဘီး/ဆိုက်ကယ် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ရှင်နှင့် ဆိုင်ကယ် ပြုပြင်ရေးလုပ်သူတို့အားအာဆာ(ARSA)တပ်ဖွဲ့ မှ ဧပြီလ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော် ၌ လှဖိုးခေါင်သွားလမ်းပေါ်ရှိ ရွှေဇားကျေးရွာအုပ်စု လမ်းဆုံ၌ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိ၇သည်။
"သူတို့ ၂ဦးကအလုပ်ကိစ္စနဲ့သွားကြတာ။ သိ၇တာကတော့ သူတို့ ၂ ဦးကို လက်နက်ကိုင်ထားတဲ့ARSA တပ်ဖွဲဝင်၃ ဦးက လှဖိုးခေါင်သွားလမ်း ရွှေဇားကျေးရွာအုပ်စု လဘော်ဇား၊ပေါင်းဇား၊ ဟာဘီရွာ သွားလမ်းဆုံဖမ်းဆီးသွားတယ်လို့သိ၇တယ်" ဟု ပြောကြားသည်။
ဖမ်းဆီးခံရသူများမှာမောင်တောမြို့ ဦးဥတ္တမလမ်း၊မြို့မအရှေ့ရပ်ကွက်ဈေးသစ်လမ်း အနီးရှိသုံးဘီး/ ဆိုင်ကယ် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ရှင် ဦးဝင်းထွန်း အသက်(၅၈)နှစ် နှင့် ထိုဆိုင်၌ ဆိုင်ကယ် ပြုပြင်ရေး လုပ်နေသူ တော်ရော်ဖော်နာ(ခ) ဦးကျော်နိုင် တို့ ၂ ဦးဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
ထိုသူတို့၂ ဦးအားလက်နက်ကိုင် အာဆာတပ်ဖွဲ့ဝင်၃ ဦးဖမ်းဆီးမူအား မျင်မြင်တွေရှိခဲ့ပြီး သူကိုပါ ဖမ်းဆီး ရိုက်နက်ခဲ့ကြောင်းမောင်တောမြို့ဗိုလ်မှူးရွာမှ ထိုကျေးရွာများသို့ အုန်းသီးများ သွားရောက် ဝယ်ယူသူ မွတ်ဆလင်တစ်ဦးကပြောဆိုသည်။
"သူတို့ ၂ ဦးကို ARSAတပ်ဖွဲတွေဖမ်းနေတာကိုကျွန်တော်မြင်တော့ ကျွန်တော်ကိုပါဖမ်းပြီး ရိုက်နက်တာ။ ကျွန်တော်လည်းဆိုက်ကယ်နဲ့ ထွက်ပြေးလာခဲ့တယ်" ဟု မျက်မြင် မြင်တွေ့ခဲ့သူ တစ်ဦးကပြောဆိုသည်။
ထို့ရွှေဇားကျေးရွာအုပ်စုလဘော်ဇား၊ပေါင်းဇား၊ဟာဘီရွာ များသို့ ARSA အဖွဲ့များ ဝင်ရောက် လာနေတာကြောင်းထိုကျေးရွာများမှ မွတ်ဆလင် သူဌေးများမှာ မောင်တောမြို့ပေါ်သို့ထွက် ပြေးလာနေကြ၇ကြောင်း မောင်တောမြို့မွတ်ဆလင်များကပြောဆိုသည်။
အာဆာအဖွဲ့သည် မောင်တောမြို့နယ် နယ်စပ်တွင် စစ်ကောင်စီအကူအညီဖြင့်သွားလာလှုပ်ရှားနေပြီး ၎င်းတို့ မကျေနပ်သည့် ဒေသခံမွတ်ဆလင်များအား ဖမ်းဆီးလုပ်ကြံသတ်ဖြတ်ကာ သတ်ဖြတ်ခံရသူ မိသားစုများအား အာရက္ခတပ်တော် (အေအေ) က ဖမ်းဆီး သတ်ဖြတ်ခြင်းဖြစ်ကြောင်းလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် အတင်းအကျပ် ပြောဆိုခိုင်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်သောကြာနေ့၌ လည်း ငါးခူရကျေးရွာမှ ဟိန္ဒူလူမျိုး ၃ ဦး ဓါးကြီးဇားကျေးရွာ၌ ARSA အဖွဲ့များထံသတ်ဖြတ်ခံခဲ့ရကြောင်းငါးခူရ ဟိန္ဒူလူမျိုးများထံမှသိရသည်။ အဆိုပါ ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်ပြီး ရရှိပါက ဆက်လက်တင်ပြပေးပါမည်။