အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မင်းပြားမြို့ပေါ်ကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးလာကြဲ၍ နေအိမ်တစ်ချို့ မီးလောင်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 722

သဥ္ဇာနွယ်/ နိရဥ္စရာ၊ ဧပြီ ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲ၍ နေအိမ်တစ်ချို့ မီးလောင်ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

မင်းပြားမြို့ကို ယနေ့ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးလာကြဲ၍ နေအိမ်တချို့မီးလောင်ပျက်စီးသွးသည်ဟု မင်းပြားမြို့မှ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

မြို့ပေါ်ကို လူတွေ ဝင်ထွက်နေတာ စစ်ကောင်စီက သိနေတော့ တမင်ရည်ရွယ်ချက်ရှိရှိ လာပစ်တာ။ ရပ်ကွက် နှစ်ခုကို ဗုံးနှစ်လုံးကျတယ် ဟုပြောသည်။

စျေးဟောင်းပိုင်းရပ်ကွက်ရှိ ရဲစခန်းနှင့် သပြေညို ရပ်ကွက်တွင်  ဗုံးကျရောက်ခဲ့ပြီး သပြေညိုရပ်ကွက်မှ နေအိမ်တစ်ချို့မီးလောင်နေသည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

ရဲစခန်းအနောက်မှာ တစ်လုံးနဲ့  သပြေညို ရပ်ကွက်မှာ တစ်လုံးကျတယ်။ သပြေညိုရပ်ကွက်ကတော့ မီးလောင်နေတယ်။ အရင်ကတည်းက မီးလောင်ခဲ့တာတွေလည်းရှိတယ်ဟုပြောသည်။

စစ်ကောင်စီသည်လေယာဉ်သည် ကြိမ်တိတိ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

လူအထိအခိုက် ရှိမရှိကို မသိရသေးပါ။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!