Preview

စစ်တွေ ဒကစ လက်အောက်ခံတပ်ရင်းများမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး/ငယ်များပစ်ခတ်

ဧပြီ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :1112
ရခိုင် သတင်း

အေးမြတ်ခိုင်၊နိရဉ္စရာ၊ ဧပြီလ ၃၀၊၂၀၂၄

အာရက္ခတပ်တော် (AA) က ဝင်တိုက်မည်ဟု သတိပေးထားသော စစ်တွေဒကစ လက်အောက်ခံတပ်ရင်းများမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး/ငယ်များ ပစ်ခတ်ခဲ့ကြောင်းသိ၇သည်။

ယနေ့ ဧပြီလ ၃၀ ရက်နံနက် ၁၀ နာရီ ၁၆ မိနစ်အချိန်တွင် စစ်တွေမြို့နယ်၊ ပါဒလိတ်တပ်ရင်းမှပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး၂ ကြိမ်ပစ်ခတ်ခဲ့ပြီးစစ်တွေရွှေမင်းဂံနေဗီကွင်းမှလည်း လက်နက်ကြီး ၂ ကြိမ်ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ပစ်ခတ်ခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။

ထို့အပြင် ၁၀ နာရီ၃၉ မိနစ်ခန့်ကလည်း ဒကစတပ်ရင်းဘက်မှ ပုဏ္ဏားကျွန်း နှင့် ၇သေ့တောင်မြို့နယ်များကိုလက်နက်ကြီး အလုံး (၁၀)ကျော်ခန့် ပစ်ခတ်ခဲ့သည်ဟု သိ၇သည်။

နေ့လယ် ၁၂ နာရီခွဲအချိန်တွင် စစ်တွေ အမှတ်၁၂ ရဲတပ်ရင်းမှ ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီး ၅ကြိမ် ပစ်ခတ်ခဲ့သည်ဟုလည်း စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဒကစလက်အောက်ခံ(BMB)တပ်ရင်းထဲမှလည်းလက်နက်ငယ်ပစ်ခတ်သံများကို မိနစ် ၂၀ ခန့်အကြာ ကြားခဲ့ကြ၍ ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့၇ကြောင်း စစ်တွေမြို့မှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။

" မနက်ကလက်နက်ကြီးတွေလည်း ပစ်တယ်။ လက်နက်ငယ်သံတွေလည်းကြားရတော့ တိုက်ပွဲဖြစ်ကြပြီထင်ပြီးစိုးရိမ်သွားတာ။ မိနစ် ၂၀ လောက်ကြာတော့ ရပ်သွားတယ်။ တိုက်ပွဲမဟုတ်ဘဲခြောက်လန့်တာဖြစ်မယ်။ ပိုက်ဆံရှိတဲ့လူတွေက ဘေးလွတ်ရာပြေးကြပေမယ့်မပြေးနိုင်တဲ့လူတွေမှာတော့ ကြောက်နေကြ၇တာပဲ"ဟု ပြောသည်။

အာရက္ခတပ်တော် (AA) က စစ်တွေ၊ကျောက်ဖြူအပါအဝင် ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်သွားမည်ဟု ပြောဆိုထားသည့်အတွက်စစ်ကောင်စီတပ်က စစ်တွေ နှင့် ကျောက်ဖြူ မြို့ကြီးနှစ်မြို့ကို အဓိကထားကာမြို့ပတ်လည်တွင် မိုင်းထောင်ခြင်း၊ စစ်လက်နက်၊ ရိက္ခာများဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း လူမှုရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.