Preview

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ထိမှန်၍ ရခိုင်အမျိုးသမီးတစ်ဦး သေဆုံး

မေ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :1707
ရခိုင် သတင်း

သဥ္ဇာနွယ်/ နိရဥ္စရာ၊မေ ၁/ ၂၀၂၄

 ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်ရင်းမှပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

သေဆုံးသွားသူမှာ ဒုံးချောင်းရွာ(ရခိုင်) ရွာမှ ဒေါ်မြဝင်းအသက် (၃၆)နှစ်ဖြစ်သည်။

 

ဒုံးချောင်း(ရခိုင်)ကျေးရွာကို  ဧပြီ ၃၀ ရက် မနေ့က ဘူးသီးတောင်အခြေစိုက် ခမ၇(၂၃၄) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးရွာထဲသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးကနိရဥ္စရာ သတင်းဌာနကိုပြောသည်။

 

“ အဲ့ဒီတပ်ရင်းက  လက်နက်ကြီးကျည် သုံးလုံးပစ်တာ။ တစ်လုံးကရွာထဲကိုကျတယ်။ ကျည်စက ဒေါ်မြဝင်း ဘယ်ဖက်လက်နဲ့ ဝမ်းဗိုက်ကို လာထိမှန်လို့ ပွဲချင်းပြီးသေသွားတယ်”ဟုပြောသည်။

 

ဘူးသီးတောင်မြို့နယ်က တပ်ရင်းများအားလုံးကို အာရက္ခတပ်တော်(AA)မှ အရှိန်အဟုန်းပြင်းစွာ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ရင်းများမှလည်းလက်နက်ကြီး ကျည်များဖြင့် အရပ်သား ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ပစ်ခတ်လျက်ရှိသည်ဟု ၎င်းက ပြောသည်။  

 

ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး စားဝတ်နေရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်ဟု ဘူးသီးတောင်ဒေသခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

 

“  တိုက်ပွဲတွေက နေ့တိုင်းရှိနေတယ်။ လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းပစ်တယ်။ ရွာသားတွေ အများစုကတော့ ရှောင်သွားကြပြီ။စစ်ဘေးရှောင်ရတော့ စားတတ်နေရေးတွေ ကျပ်တည်းတာမျိုး ရှိပေမယ့် မြို့သိမ်းနိုင်ရင်တော့အေးချမ်းပါပြီ” ဟုပြောသည်။

 

လက်ရှိ AA တိုက်ခိုက်နေသောတပ် ရင်းများမှာ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) လက်အောက်ခံ ဖြစ်ကြသည့် ခြေမြန်တပ်ရင်း(ခမ၇) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း(ခလ၇) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ဖြစ်ပြီး ထို အထဲမှ တပ်ရင်း၅၅၂ နှင့် ၅၆၄ တို့အား အာရက္ခတပ်တော်မှအ ပြီးသတ် သိမ်းပိုက်ထားပြီး ၅၅၁နှင့် ၅၆၅ တပ်ရင်းတို့မှာ စခန်းကို စွန့်ခွာသွားကြသည်ဟု သိ၇သည်။

ဘူးသီးတောင်တွင် တပ်ရင်းများသော်လည်း တပ်ရင်းတစ်ရင်း တိုက်ခိုက်ရေးအင်အား၁၀၀ ကျော်ခန်သာရှိကြောင်း သိ၇သည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အရပ်သား ၁၁၁ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် မတ်လ  ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။ 

 

#ဘူးသီးတောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.