Preview

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

မေ ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :1499
ရခိုင် သတင်း

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီးစစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်ဝန်ထမ်းများကိုထပ်မံပြောင်းရွှေ့)

 နောင်မင်းသူ၊နိရဉ္စရာ၊ မေလ ၃/၂၀၂၄

 

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့  တိုက်ပွဲများနီးကပ်လာသဖြင့်စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း  ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့်ဝန်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

 

မောင်တောကညင်ချောင်စီးပွါးရေးဇုန်ဆိပ်ကမ်းအား အသုံးပြုပြီးစစ်ကောင်စီမှမောင်တောဒေသသို့ စစ်လက်နက်၊ စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် စစ်သည်အင်အင်းအားဖြည့်တင်းနေကြောင်း၊ ပြီးခဲ့သည့် မတ်လ၂၇ ရက်နေ့ မှ မေလ ၁ ရက်နေ့အထိ ၄ကြိမ် တိုင်တိုင် ဇက်ရေယာဥ် ၃ စီးဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း၊အပြန်တွင် ထိုဇက်ရေယာဥ်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ၊ ဝန်ထမ်းများနှင့် ဒေသခံတချို့အား စစ်တွေသို့ တင်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။  

 

ဒေသခံ တစ်ဦးက "တိုက်ပွဲက မြို့အနီးကပ်လာပြီ။ အခုစစ်တပ်က စစ်အင်အား ထပ်ဖြည့်တင်း တာတော့တွေ့တယ်။ တိုက်ပွဲ မြို့နဲ့ နီးလာတော့ ဝန်ထမ်းတွေသာမက မြို့ခံတချို့ပါ ထွက်ပြေး တိမ်ရှောင်သွားကြတယ်။ အစိုးရရုံးတွေက အရေးကြီးတဲ့ စာရွက်စာတန်းတွေကို ပါ ရွှေ့ပြောင်း ယူဆောင်နေကြတယ်။မေလ ၁ ရက်နေ့ ညနေကကညင်ချောင်းစီးပွါးရေးဇုန်က စစ်ဇက်ရေယာဥ်နဲ့ စစ်တပ်မိသားစု၊ ဝန်ထမ်းတွေနဲ့ မိသားစု၂၅၀ လောက်လိုက်ပါသွားတယ် တယ်လို့ သိ၇တယ်"ဟု ပြောကြားသည်။

 

အာရက္ခတပ်တော်(AA) မှမောင်တောခရိုင်တစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြင့်တင်နေပြီး စစ်ကောင်စီကလည်း  နယ်စပ်ကုန်သွယ်မှုအချက်အချာကျသည့် မောင်တောမြို့အား လက်လွှတ် မဆုံးရှုံးစေရန် ရေကြောင်းကိုအသုံးပြုပြီးစစ်အင်အား အလုံးအရင်း ဖြည့်တင်းကာ ခံစစ်အခိုင်အမာ ပြုလုပ်လျှက် ရှိနေသည်။

 

လူအင်အား၊ စစ်လက်နက်ပစ္စည်း၊ ရိက္ခာများကို ဇက်ရေယာဉ်များဖြင့်ကညင်ချောင်း ဆိပ်ကမ်းမှ တဆင့် ဖြည့်တင်းနေပြီး အပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ၊ ဝန်ထမ်းများနှင့် ဒေသခံ တချို့အား စစ်တွေသို့ တင်ဆောင်သွားကြောင်း သိ၇သည်။

 

 " စစ်တပ် ဇက်ရေယာဉ်နဲ့ စစ်တွေကို လိုက်မယ်ဆိုယင် ခရိုင်ထွေအုပ်မှာ စာရင်းသွားပေးရတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာတွေလိုတယ်။ ဝန်ထမ်းဆိုယင် ကျပ် ၃ သိန်းပေးရတယ်။ ဒေသခံအရပ်သား ဆိုယင် ကျပ် ၅သိန်း။ တပ်ရင်းတပ်ဖွဲမိသားစုတွေ ပေးစရာ မလိုပါဘူး"ဟု မောင်တော ဒေသခံတစ်ဦးကပြောဆိုသည်။

 

မောင်တောမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များအားလုံးကို အာရက္ခတပ်တော်(AA)မှ ထိုးစစ်အရှိန်အဟုန်မြင့်ကာ တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်ဖွဲများအားလုံး  ဝိုင်းရံပိတ်ဆို့ ခံနေရသည်ဟုသိ၇သည်။

 

တိုက်ပွဲများမှာလည်း နေ့စဥ် ပြင်းထန်စွာ ဖြစ်ပွာနေပြီး လက်ရှိ မောင်တောမြိုနှင့်လွန်စွာနီးကပ် လာလျှက်ရှိနေသည်ဟု ဒေသခံများကပြောကြားသည်။

 

မောင်တောမြို့ပေါ် အပါအဝင် ထွက်ပြေးတိမ်းရှောင်နေကြသူများအနေဖြင့်လည်းစားဝတ်နေရေးအခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ပြီး နေထိုင်လျှက်ရှိနေကြသည်ဟုဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.