စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်သားနှစ်ဦးလက်နက်အပြည့်အစုံဖြင့် ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

အေးမြတ်ခိုင်/ နိရဉ္စရာ၊မေလ /၂၀၂၄

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်း တစ်ခုမှ တပ်သားနှစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။

၎င်းတို့နှစ်ဦးသည် ဂွမြို့နယ်၊ စည်ပင်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် ခမရ (၅၆၃) တပ်ရင်းမှ ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့က ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စည်ပင် ကျေးရွာသား တစ်ဦးက ပြောသည်။

 

"ဒီက စစ်ကြောင်းက တပ်သားအင်အား ၃၀ လောက်ပါတယ်။ ပြည်သူ့စစ်တွေလည်းပါတယ်။ စစ်ကြောင်းထိုးနေချိန် ပ်သားနှစ်ယောက် ပြေးသွားတာ။ လက်နက်တွေလည်း အပြည့်အစုံ ပါသွားတယ်။ စစ်သားတစ်ယောက်က သူတို့ ဒါကြောင့် လိုက်ရှာနေတယ်ဆိုပြီး ပြောပါတယ်" ဟုပြောသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို မေလ ရက်နေ့ညနေပိုင်းအထိ လိုက်လံရှာဖွေမှုများရှိခဲ့သော်လည်း ပြန်မတွေ့ခဲ့ဟု ဒေသခံများကပြောသည်။


ဂွအခြေစိုက် ၅၆၃ တပ်ရင်းက လက်နက်တပ်ဆင်ပေးထားသည့် ကျေးရွာပြည်သူ့ စစ် ခေါင်းဆောင်များကိုလည်း အဆိုပါနေ့က အရေးပေါ်ခေါ်ယူကာ အသိပေးရှာဖွေခိုင်းမှုများ ရှိခဲ့သည်ဟုသိရသည်။

"ရဟိုင်ကူးတို့အုပ်စုအတွင်းရွာ‌တွေက  ပြည်သူ့စစ်ခေါင်းဆောင်‌တွေကို ထွက်ပြေးတဲ့နေ့ ေ့လယ် ၁၂ နာရီခွဲမှာ ဂွ ၅၆၃ တပ်ကို အရေးပေါ်ခေါ်လို့ လိုက်သွားကြတယ်။ တပ်သားထွက်ပြေးတဲ့ကိစ္စ လိုက်ရှာဖို့နဲ့ လုံခြုံရေးတွေတင်းကျပ်ဖို့ခေါ်ပြောတာလို့သိရတယ်"ဟု ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နီးစပ်သူတစ်ဦးကလည်း ပြောသည်။

ကျောက်ဖြူ နှင့် သံတွဲမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ဂွမြို့နယ်အတွင်း၌လည်း တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်၍ တပ်တွင်းသဘောထားကွဲလွဲမှုများရှိနေကြောင်းလည်း သူကဆက်ပြောသည်။ 

 

(ဓာတ်ပုံ- ဂွမြို့နယ်တွင် ရှာဖွေစစ်ဆေးနေပုံ/ IPD (ပုံဟောင်း)

ဆက်စပ် သတင်းများ