Preview

မောင်တောမြို့နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်တပ်ပျက်

မေ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :3788
ရခိုင် သတင်း

(လှဖိုးခေါင်နခခ(၁၀)မှ နယ်ခြားစောင့်တပ်သာများ ဖရိုဖရဲ စခန်းစွန့်ခွာထွက်ပြေးနေကြပြီးထိုအထဲက  အင်အား ၁၀၀ ခန့် AA ထံလက်နက်ချခိုလှုံဟုဆို)

 နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၄ ရက်/၂၀၂၄

 

၇ခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့ လှဖိုးခေါင်ပြန်လည်လက်ခံရေး စခန်းရှိ နယ်ခြားစောင်တပ်ဖွဲ့ခွဲ နခခ(၁၀)စခန်းမှတပ်ဖွဲဝင်များသည်ယနေ့ နံက်ပိုင်းမှစပြီး စခန်းကနေဖရိုဖရဲစွန့်ခွာ ထွက်ပြေးနေကြပြီးထိုအထဲက နယ်ခြားစောင့်အင်အား၁၀၀ ကျော်သည် လက်နက်များနှင့်အတူ အာရက္ခတပ်တော် (AA) က်သို့ထွက်ပြေးသွားကြကာလက်နက်ချ ခိုလှုံသွားကြကြောင်းနယ်ခြားစောင့် အသိုင်းအဝန်မှ တဆင့် သိရှိ၇သည်။

 

နယ်ခြားစောင့်နှင့် နီးစပ်သူ တစ်ဦးက " လှဖိုးခေါင် နခခ(၁၀)ကနယ်ခြားစောင့်တွေဒီနေ့မနက်မှာ သုံးဘီးတွေနဲ့ အသီးသီးထွက်ပြေးကြတယ်။ နယ်ခြားစောင့် တပ်သား ၁၀၀ လောက် စိတ်နာကျည်းပြီး လက်နက်တွေနဲ့ အတူ အေအေဆီ ခိုလှုံသွားကြတယ်လို့ သိ၇တယ်" ဟု ပြောကြားသည်။

 

မေလ၃ ရက်နေ့၌ ကျီးကန်းပြင်ဌာနချုပ် တပ်နောက်ဆုတ်လာပြီးကတည်းက နခခ(၁၀) လှဖိုးခေါင်စခန်းတစ်ခုလုံး မတည်မငြိမ်ဖြစ်နေကြောင်း၊ ထိပ်ပိုင်း နယ်ခြားစောင့် အရာရှိကြီးများအားစစ်၇ဟတ်ယာဥ်ဖြင့်တင်ဆောင်သွားခဲ့ပြီးနောက်ပိုင်းတွင်  စခန်း တစ်ခုလုံး ထွက်ပြေးမူ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောကြားသည်။

 

နောက်ထပ် မောင်တောဒေသခံ တစ်ဦးက စခန်းစွန့်လာတဲ့ နယ်ခြားစောင့်တွေကို မောင်တောမြို့ အခြေစိုက်  နခခ(၅) စခန်းထဲကိုပေးအဝင်ခံဘူးလို့သိ၇တယ်။ သူတို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ဘောင်တွေနဲ့ ရိုက်နက်ခြေနဲ့ တက်နှင်းပြီး စခန်းထဲကိုအဝင်မခံဘူးလို့လည်း သိ၇တယ်။ အဲဒီမှာ စိတ်နာကျည်းပြီး တပ်ဖွဲ့ဝင် ၁၀၀ လောက် လက်နက်ချတာလို့လည်းကြား၇တယ်ဟု ပြောကြားသည်။

 

နယ်ခြားစောင့်တပ်သားများ စခန်းထွက်ခွာထွက်ပြေးသွားကြပြီသဖြင့် အမြဲတမ်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသည့် လှဖိုးခေါင် နခခ(၁၀) စစ်ဆေးရေးဂိတ် နှင့်ပြင်ဖြူစခန်းများအား ယနေ့ မနက်မှစပြီး မတွေ့၇တောကြောင်း ကျောက်လှေကား ကျေးရွာမှ မွတ်ဆလင် ဈေးဝယ်သူ တစ်ဦးကပြောဆိုသည်။

 

"ကျွန်တော်တို့ဒီနေ့ ကျောက်လှေကားကျေးရွာက မောင်တောကို မနက်မှာ သုံးဘီးနဲ့ တက်လာကြတာ။ ပြင်ဖြူစခန်းမှာလည်း လူမရှိတောဘူး။လှဖိုးခေါင်စခန်း စစ်ဆေးရေးဂိတ်လည်း လူတစ်ယောက်မှ ရှိတောဘူး။ရွှေဇားကျေးရွာအုပ်စုထဲမှာ စစ်ဆေးရေး ၃ ခုလောက်မှာ အစစ်ဆေးသာ ခံခဲ့၇တယ်"ဟု ပြောဆိုသည်။

 

လက်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးနေကြသဖြင့်အခြေအနေမှာ ရူပ်ထွေးနေပြီး တချို့ နယ်ခြားစောင့်များကို မောင်တောမြို့ထဲတွင် နေရာချပေးထားသည်ဟုသိ၇သည်။ (ဓာတ်ပုံ- လှဖိုးခေါင်စခန်း)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.