ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၄/၂၀၂၄
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်အများအပြားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ယနေ့တွင် ထပ်မံ ဝင်ရောက် ခိုလှုံလာကြောင်းTBSသတင်းကဖော်ပြသည်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်အများအပြားသည်မေလ ၄ ရက် (စနေနေ့ ) နံနက်ပိုင်းကကော့ဘဇား၊ တက္ကနတ်နယ်စပ်ရှိ နတ်မြစ် ကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထပ်မံဝင်ရောက် ခိုလှုံခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်Mainul Kabir က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ဝင်အများအပြားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ယနေ့တွင် ထပ်မံ ဝင်ရောက် ခိုလှုံလာသည့်သတင်း အား The Business Standard သို့အတည်ပြုပြောကြား ခဲ့သည်။
" မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာဒီကနေ့ မနက်ပိုင်းက နတ်မြစ်ကို ဖြတ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာခဲ့ကြတာပါ။ အရေအတွက်က ၅၀ အောက်ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကမူ မှတ်ချက်ပြုပြောကြားခြင်းမရှိသေးပေ။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ သည် နတ်မြစ်၏ နေရာ ၃ နေရာ ကို ဖြတ်၍ ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံသတင်းရင်းမြစ်များ၏အဆိုအရ သိ၇သည်။
အစောပိုင်းရက်သတ္တပတ်များအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ ွတွင်းဝင်ရောက် ခိုလှုံခဲ့ကြသည့်မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၆၁၈ ဦးကိုမြန်မာ နိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ် ခဲ့သည်။ Source/ The Business Standard