စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

"ပြည်ပရောက် ခမီလူငယ် အဖွဲ့စည်း" မှ ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်များအတွက်ငွေလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 666

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ မေ ၄ / ၂၀၂၄

 

"ပြည်ပရောက် ခမီလူငယ် အဖွဲ့စည်း" မှ ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်များအတွက် မေ ၄ ရက် နေ့တွင် ငွေလှူဒါန်းလိုက်ကြောင်း သိရသည်။

 

"ပြည့်ပရောက် ခမီလူငယ် အဖွဲ့စည်း" မှ အလှူငွေ သိန်း - ၅၀ ကို ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်တွေ အတွက် စာရေးဆရာဝေဟင်အောင်တို့အဖွဲ့ထံမှ တဆင့် လှူဒါန်းထားခြင်း ဖြစ်ကြောင်းသိရသည်။

 

“မြောက်ဦးမြို့နယ်ထဲက ရွာတစ်ရွာရယ်၊ ပေါက်တောမြို့နယ်ထဲက တစ်ရွာကိုပါ ခွဲလှူလိုက်ပါတယ်။ လုံခြုံရေးအရ၊ ရွာနာမည်တွေကိုတော့ ထုတ်ဖော်ခွင့် မပြုတဲ့အတွက် ခွင့်လွတ်ပါ” ဟု စာရေးဆရာဝေဟင်အောင် မှပြောသည်။



 

အဆိုပါအလှူငွေများအား မြို့နယ် နှစ်ခုကို မျှလှူပေးရန် "ပြည့်ပရောက် ခမီလူငယ် အဖွဲ့စည်း" မှတောင်းဆိုသောကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ လူဦးရေ တစ်ထောင်ကျော်ခန့် ခိုလုံနေသည့် စစ်ဘေးရှောင်စုရပ် တစ်ခုကို သိန်း - ၃၀ လှူဲဒါန်းပြီး ပေါက်တောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ၁၉သိန်း ခွဲဝေ လှူဒါန်းလိုက်ကြောင်းသိရသည်။

 

ထိုသို့လှူဒါန်းပေးသည့် "ပြည့်ပရောက် ခမီလူငယ် အဖွဲ့စည်း" ကို စစ်ဘေးရှောင်များကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း စာရေးဆရာဝေဟင်အောင်မှ ပြောကြားသည်။

 

ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လူပေါင်း ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံး United Nations OCHA Myanmar က မေလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

 

ထို့အပြင် ရခိုင်ပြည်နယ် (အထူးသဖြင့်) မြောက်ပိုင်းဒေသများမှ ဘေးကင်းလုံခြုံရေး အခြေအနေများသည် တင်းမာနေဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 

UN OCHA  က မေလ ၁ ရက်နေ့ ၌  အာရှနှင့်ပစိဖိတ်ဒေသ၏ အပတ်စဉ် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင်  ရခိုင်ပြည် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ထိုသို့ ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!