စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မောင်တော၌ အသက် ၅၀ အရွယ်ဒေသခံစစ်ဘေးရှောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၅ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တော၌ အသက် ၅ အရွယ်ဒေသခံစစ်ဘေးရှောင်တစ်ဦးအား ၄ မိုင် နယ်ခြားစောင့် တပ်ဖွဲခွဲ နခခ(၂)မှ မေလ ၄ ရက်ညနေ ၅ နာရီခန်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှသိရသည်။

 

"သူကကျီးကန်းပြင်ဌာနချုပ် အနီး အောင်သာယာကျေးရွာ ကနေ ၄ မိုင် မကျည်းကုန်းကျေးရွာမှာ စစ်ဘေးရှောင်နေတာ။ မနေ့က ညနေ ၅ နာရီလောက်မှာ ၄ မိုင်စျေးက စျေးဝယ်ပြီးအပြန်မှာ နခခ(၂)က သေနတ်နဲ့ ပစ်လိုက်တာ နောက်ကကျည်ဝင်ပြီး ရှေ့ကဖောက်ထွက်သွားကာ ပွဲချင်း ပြီးသေဆုံးသွားတယ်။ သူမှာဘာအပြစ်လုပ်ခဲ့တာလည်းမရှိဘူး"လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

 

သေဆုံးသူ အသက် ၅ နှစ်အရွယ် စစ်ဘေးရှောင်မှာ ကျီးကန်းပြင်ဌာနချုပ်အနီး အောင်သာယာ (နတလ)ကျေးရွာမှ ဖြစ်ပြီး ၄ မိုင်မကျည်းကုန်းကျေးရွာ၌ စစ်ဘေးလာရှောင်ကာ နေထိုင်သူ တစ်ဦးဖြစ်သည်။

 

ဒေသခံအမျိုးသမီးတစ်ဦးကလည်း သေနတ်ပစ်သံတစ်ချက်ကြားရတယ်။ နေ့ က ၄ မိုင်စျေးကနေ  စျေးဝယ်ပြီး ပြန်လာသူ တစ်ဦးသေနတ်ပစ်ခံရလို့ သေတယ်လို့ကြားရတယ်။ နယ်ခြားစောင့် တပ်ဖွဲဝင် တစ်ဦက ပစ်တယ်လို့ ကြားရတယ်။ သွားမကြည့်ရဲဘူးတစ်ယောက်မှ။  နာမည်မသိရဘူးဟု ပြောသည်။

 

မောင်တော ၄မိုင်  နခခ(၂)အား အာရက္ခတပ်တော်မှ နေစဥ် ဒရုန်းများဖြင့် တိုက်ခိုက်လျှက်ရှိနေသဖြင့်  နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာလည်း စိတ်ဓါတ်ရေးရာကျဆင်းလျှက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ မေလ ၌ ဘူးသီးတောင်မြို့နယ်ဒုံးချောင်းရွာ(ရခိုင်) ရွာမှ ဒေါ်မြဝင်း အသက် (၃၆) မှာ စစ်ကောင်စတပ်ရင်းမှ ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။ မေလ ၂ ရက်နေ့၌ အသက်( ၁၃)နှစ်အရွယ် တရိန်း(မြို) ရွာ မှလူငယ်တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ် သတင်းများ