တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မင်းပြားတွင်မိုင်းနင်းမိ၍ သားဖြစ်သူသေဆုံးပြီး ဖခင်ဖြစ်သူဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 504

သဉ္ဇာနွယ်/နိရဉ္စရာ၊ မေ ၅/၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူေဆုံးပြီး ဖခင်ဖြစ်သူမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ချဲတောင်ကျေးရွာမှ မောင်ထွန်းဝင်း (၁၄)နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဖခင်ဖြစ်သူ ဦးဝင်း အသက်( ၅၀) ကျော်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သားဖနှစ်ဦးသည် မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ချဲတောင်ကျေးရွာမှ အနည်းငယ် ကွာဝေးသည့် တောတောင်ကို ဟင်းသွားရှာရမှ မိုင်းနင်းမိခြင်းဖြစ်သည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

သားအဖနှစ်ယောက်က တောကို ဟင်းသွားရှာတာမှာ မိုင်းနင်းမိတာပါ။  မေလ ၃ရက်နေ့ နေ့လယ် ၃နာရီကတည်းက နင်းမိတာ။ သားဖြစ်သူက ဒဏ်ရာပြင်းလို့ မေ့မျှော့နေတယ် ။အဖေဖြစ်သူက ခြေထောက် နှစ်ဖက်ဒဏ်ရာရတယ်။အဲ့ဒီနေ့က ရွာကိုပြန်မလာတော့  ရွာသားတွေကသွားရှာတာ မတွေ့ခဲ့ကြဘူး။ အဖေဖြစ်သူက ခြေထောက်ဒဏ်ရာရပြီး မသွားနိုင်တဲ့ကြားက ရုန်းကန်ပြီး လာတာကနေ ဆက်မသွားနိုင်လို့  လမ်းမှာပဲတညအိပ်တယ်။ နောက်နေ့မနက်ကျတော့ ရွာသားတွေ ထပ်ရှာတော့ အဖေဖြစ်သူကို လမ်းမှာတွေ့တယ်။ သူက သူ့သားရှိ‌တဲ့နေရာကို  ပြောလိုက်တော့ ရွာသားတွေသွားရှာတာ သားကဆုံးသွားပါပြီဟုပြောသည်။

အဖေဖြစ်သူ အသက်ရှင်သော်လည်း သားဖြစ်သူ သေဆုံးသွားသည့်အတွက် စိတ်မကောင်း ဖြစ်မိသည်ဟု ၎င်းကပြောသည်။

" သူ့အဖေကိုတော့ နီးစပ်ရာ ဆေးရုံကိုပို့ထားပါပြီ။ သားလေး သေသွားတော့စိတ်မကောင်းပါဘူး။ တစ်ရက်စာတစ်ရက်စားဖို့ ရုန်းကန်နေကြရတာ စစ်ကောင်စီက နေရာတိုင်းလိုလို မိုင်းထောင်ထားခဲ့တာ တအားယုတ်မာလွန်းပါတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းတွင်လည်း စစ်တွေမြို့နယ်၊ကံ့ကော်ကျွန်း ကျေးရွာတွင် စစ်‌  ရှောင်နေသည့် စစ်တွေမှ ဒေသခံ  ဦး  မိုင်းနင်းသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။

၂၀၂၄ မေလနှင့်ဧပြီ ၂ လတာကာလအတွင်း မိုင်းနင်းမိ၍ ခြေထောက်ပြတ်သူ ၁ဦး၊ သေဆုံးသူ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅ဦးခန့်ရှိကြောင်း နိရဉ္စရာ၏ ကောက်ယူထားသည့်စာရင်းအရသိရသည်။ 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!