Preview

မောင်တောမြို့အနီးရှိ လေးမိုင်နယ်ခြားစောင့်စခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်

မေ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :1615
ရခိုင် သတင်း

(စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်)

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄

မောင်တောမြို့မှ (၄) မိုင်သာကွာဝေးတော့သည့် လေးမိုင် နယ်ခြားစောင့်တပ်ဖွဲ့ ခွဲ နခခ(၂)စခန်း အား အာရက္ခတပ်တော်(AA) မှ မေလ ၅ ရက်နေ့ ညမှစပြီးအင်းအားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

မေလ ၆ ရက် ယနေ့ ၁၀ နာရီ ၂၀ မိနစ်ခန့် ၌ ၎င်းစခန်းအနီးတွင် တည်ရှိသည့် ကျေးရွာများ ပတ်ဝန်းကျင်သို့ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံကြဲလျှက်ရှိနေကြောင်း မောင်တောဒေသခံများ ထံမှသိ၇သည်။

"မနေ့ ညက လေးမိုင်မှတိုက်ပွဲ ပြင်းထန်စွာဖြစ်တဲ့အတွက် လေးမိုင်ဖက်ကကျေးရွာတွေသားတွေ ဘုရားပန်းနဲ့ဟင်းသီးဟင်းရွက် လာရောင်းသူတွေ တစ်ယောက်မှ ဒီနေ့ မောင်တောကိုမလာကြဘူး။ မနေ့ညက လက်နက်ကြီးကျလို့ ၃ မိုင်တံတား ပေါက်သွားတယ်လို့သိ၇တယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ယနေ့နံနက်ထိ ပြင်းထန်နေသဖြင့်  နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့် ၌ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးလာကြဲသွားခဲ့သလိုမောင်တောမြို့ဝင် နခခ(၅)မှလည်း လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်လျှက်ရှိနေကြောင်း မျက်မြင်ဒေသခံတွေကပြောဆိုသည်။

"AAဖက်ကဒရုန်းနဲ့ အဆက်မပြတ်တိုက်ခိုက်နေတော့ နယ်ခြားစောင်တွေ အကျအဆုံးများတယ်။ ဒီနေ့မနက် ၁၀ နာရီ ၂၀ မှာလည်း  ရွှေဗဟိုကျေးရွာဖက်ကို ဂျက်လေယာဥ်နဲ့ကို ဗုံးလာကြဲသွားတယ်လို့ သိ၇တယ်"ဟုပြောကြားသည်။

မောင်တောမြို့ မြောက်ပိုင်း ၈မိုင်အကွာရှိ ကျီးကန်းပြင်ဌာနချုပ်နှင့် လှဖိုးခေါင် နခခ(၁၀)နှင့် မောင်တောတောင်ပိုင်း အင်းဒင်စခန်းတို့အား အာရက္ခတပ်တော်မှ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လေးမိုင်ရှိ နခခ(၂)အားသိမ်းပိုင်ရန် ထိုးစစ်အရှိန်မြင့်ကာ  တိုက်ခိုက်နေသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.