နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄
အာရက္ခတပ်တော် (AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဖမ်းဆီး၇မိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ အလံဖြူကိုင်ထားသည့် မွတ်ဆလင်စစ်သုံ့ပန်းပုံ ၂ ပုံကို ယနေ့ သူ၏ Xစာမျက်နှာမှတဆင့် ဖော်ပြသည်။
၎င်းဓာတ်ပုံများ၏ မည်သည့်နေရာ ဖြစ်ကြောင်းကို မဖော်ပြသော်လည်းရိုက်ကူးချိန်မှာ ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့ဟု ဖော်ပြထားပါသည်။
သို့အတွက် ယခုဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများမှာ ဘူးသီးတောင် မဟုတ်လျှင် မောင်တောက ဖြစ်နိုင်ခြေများပါသည်။ လက်ရှိ စစ်သုံ့ပန်းများ၏ ဓာတ်ပုံအရ လူပေါင်းရာနှင့်ချီပြီး ဖမ်းဆီးခံထားရသည်ဟု သုံးသပ်၇ပါသည်။
၎င်းပြင် ၎င်းဓာတ်ပုံ နှစ်ပုံနှင့် အတူ အောက်ပါစာသားကိုလည်းရေးသား ဖော်ပြထားသည်။
ရဲရဲတောက် ဒို့ ဘင်္ဂလီတွေ သတ္တိခဲတွေ ရာဇဝင်ထွန်းလောက်အောင် စွမ်းတယ် ဒို့တိုင်းဒို့ပြည် လွတ်လပ်ရေးကို အာဇာနည်သွေးတွေအရိုးကြေကြေ ဒို့ပြည် ဒို့မြေ ခေတ်ဆွေးကိုပြောင်းပြန် ခေတ်သစ်ကိုစီမံ လွတ်လပ်ဖို့ အဓိဌာန် ညီစေနော်ဒို့ရဲဘော် ချီတက်ကြစို့တူပျော်ပျော် ဘယ် -- ညာ -- ဘယ် --ညာ။