တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် ကမ်းထိုးရေယာဥ် ၃စီးဖြင့် စစ်ကောင်စီအင်အားဖြည့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 6k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့သို့ ကညင်ချောင်းစီးပွါးရေးဇုန်ရေနက်ဆိပ်ကမ်းမှ တဆင့် မေလ ၆ ရက် နံနက်၌ စစ်အင်အား အလုံးအရင်း ဖြည့်တင်းလျှက်ရှိနေကြောင်း မျက်မြင် မောင်တောဒေသခံများထံမှ သိရသည်။

"မနေ့က ညအချိန်မှာ စစ်ကမ်းထိုးယာဥ် ၃ စီးနဲ့ စစ်သားအင်အား ၅၀၀ ကျော် လောက် နဲ့ လက်နက် ရိက္ခာတွေကို ကညင်ချောင်းစီးပွါးဇုန်ကို ရောက်လာကြတာ။ ကားတွေနဲ့ နခခ(၅)နဲ့ နခခ(၂) နောက်ပြီး ဘူးသီးတောင်-မောင်တောလမ်းဖက် ကို ကား ၁၂စီးတက်သွားတယ်။ လှဖိုးခေါင် နခခ(၁၀)နဲ့ ကျီးကန်းပြင် ဌာနချုပ်ဖက်တွေကိုလည်း အင်အားဖြည့်နေကြတယ်ကြားတယ်။ အတိအကျတော့ မသိဘူး"ဟု ပြောကြားသည်။

အခုအင်အားဖြည့်လာသည့် စစ်အင်အားအထဲတွင် စစ်သားတွေသာတွေ့ရပြီး နယ်ခြားစောင့်များ မတွေ့ရကြောင်း ဒေသခံများကပြောဆိုသည်။

"နယ်ခြားစောင့် တွေကို ယုံကြည့်မူမရှိတောလို့ စစ်သားတွေကိုဘဲ့ အင်အားဖြည့်လာတယ်ထင်တယ်။ နောက်ပြီး နယ်ခြားစောင့်တပ်ဖွဲတစ်ခုလုံးကို ဖျက်သိမ်းလိုက်ပြီလိုလည်း သတင်းတွေထွက်နေတယ်" ဟု ပြောဆိုသည်။

မောင်တောခရိုင်ဖြစ်တဲ့ မောင်တော နှင့်ဘူးသီးတောင်မြို့ များသို့ စစ်ကောင်စီသည် ကညင်ချောင်း စီးပွားရေးဇုန်မှ တဆင့် မတ်လ နှင့် ဧပြီလ များ၌ စစ်အင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာနှင့် လောင်စာဆီများအား ၄ ကြိမ်တိုင်တိုင် အင်အားဖြည့်တင်းခဲ့ပြီး ယခုမေလ၌ပါ ဆက်လက်အင် အားဖြည့်လာနေတာလည်း ဖြစ်သည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)


ဆက်စပ် သတင်းများ