(ကျေးရွာ ၈ ရွာမှ နေအိမ်အချို့မီးလောင်)
နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄
အာရက္ခတပ်တော် (AA) လက်ထဲသို့ ကျရောက်သွားပြီဖြစ်သည့် ကျီးကန်းပြင်၊ လှဖိုးခေါင်၊ကြိမ်ချောင်းဝန်းကျင်များကို စစ်ကောင်စီက ယနေ့ နေ့လယ်က ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့်အနည်းဆုံး ဗုံး(၄) ကြိမ်အထိ လာရောက် ကြဲချခဲ့သည်ဟု သိ၇သည်။
ဒေသခံ တစ်ဦးက ံ တစ" ဒီနေ့တစ်ရက်လုံးမောင်တောမြောက်ပိုင်းနဲ့ တောင်ပိုင်းတွေကို ဂျက်ဖိုက်တာနဲ့ အေအေ သိမ်းထားတဲ့ နယ်ခြားစောင့်စခန်းနေရာတွေနဲ့အေအေ စခန်းချနိုင်တယ်လို့ ထင်တဲ့ ကျေးရွာ တွေကို ဗုံးဆက်တိုင်း ကြဲနေတာ။တစ်ကြိမ်မှာ ဂျက် ၃ စီးပါတယ်။ ၄ ကြိမ်အထိလာရောက် ဗုံးကြဲချခဲ့ကြတယ်" ဟု ပြောဆိုသည်။
ထိုသို့ ဗုံးကြဲသဖြင့် ကျေးရာအချို့တွင် မီးလောင်မှုများရှိကြောင်းသိ၇သည်။
၎င်းဒေသခံက "လှဖိုးခေါင် နခခ(၁၀)အနီးတစ်ဝိုက်ကို ဂျက်လေယာဥ်နဲ့ ၃ ကြိမ်ဗုံးလာကြဲတာ။ ဂေါင်ညာရွာကနေအိမ်အချို့ မီးလောင်သွားတယ်။ တခြားရွာတွေမှာလည်း အိမ်တွေ မီးလောင် ပြိုပျက်တာတွေရှိတယ်။ အနီးအနားက မွတ်ဆလင်ကျေးရွာ ၆ ရွာနဲ့ ရခိုင်ရွာ ၂ ရွာကရွာသူ ရွာသားတွေ ထွက်ပြေးနေကြတယ်။အိမ်တွေက ဘာမှမယူနိုင်ခဲ့ကြဘူး။ ပြေးလာကြတာ ဖိနပ်တောင် မပါကြဘူး"ဟု ပြောဆိုသည်။
ဂျက်ဖိုင်တာ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကိုယနေ့ မေလ၆ ရက် နေ့လယ်ပိုင်း၌ ၄ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး အထူးသဖြင့် လှဖိုးခေါင် နခခ(၁၀)၊ ကျီးကန်းပြင်ဌာနချုပ်၊ ကြိမ်ချောင်း နခခ(၇) စသည့်နေရာဝန်းကျင်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတွေထံမှ တဆင့် သိ၇သည်။
လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်း အနီးရှိ နခခ(၁၀) အနီးတစ်ဝိုက်အား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မူကြောင့် ပြလဘော်ဇား၊ ပေါင်းဇား၊ ဂေါင်ညှာ၊ မင်္ဂလာကြီး၊ ကျောက်လှေကား၊ သရက်အုပ်(မွတ်ဆလင် )၊ ပြားသား(ရခိုင်)နှင့်မောင်တောတောင်ပိုင်းရှိ ရွှေဗဟိုကျေးရွာများဖြစ်ကြောင်းဒေသခံများက ပြောကြားသည်။ (Photo: MDW)