Preview

ဘူးသီးတောင်မြို့ထဲ AA ဝင်ရောက်လာမည်ကို စိုးရိမ်၍ မြို့ဝင်တံတား စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

မေ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :6333
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄

အာရက္ခတပ်တော် (AA)မြိုထဲကို ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီက ဘူးသီးတောင်မြို့အဝင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပြီဟု သတင်းရရှိသည်။

၎င်းတံတားသည် ပန်ဇင်းချောင်းအားဖြတ်ထိုးထားသည့် တံတားတစ်စင်းဖြစ်ပြီးပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့တို့ကို ဆက်သွယ်ရန် ဖြတ်သန်းဖောက်လုပ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိသည်။ 

၎င်းတံတားအား မေလ ၆ ရက်နေ့ညနေ ၄ နာရီကျော်၌စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မျက်မြင် ဘူးသီးတောင်ဒေသ ခံများထံမှသိ၇သည်။

"ဒီတံတားကို စစ်ရေးအရရော၊ သယ်ယူပို့ဆောင်ရေးအရရော အရေးကြီးတယ်။ မိုင်းခွဲလိုက်တာက အရှေ့ဖက်ကမ်းက အေအေရဲဘော်တွေ ဘူးသီးတောင်မြို့ပေါ်ကို အလွယ်တကူမလာနိုင်အောင်မိုင်းခွဲလိုက်တာ။ ပျက်စီးသွားတာကအရှေဖက်က တံတား ချဉ်းကပ် လမ်းဖက်ပြိုပျက်သွားတယ်"ဟူ ပြောကြားသည်။

တံတားကို ဖျက်ဆီးလိုက်သော်လည်း ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်ရန်တစ်ခြားလမ်းများရှိသဖြင့် အာရက္ခတပ်တော်မှ ဝင်လာမည်ကို လုံး၀ တားဆီးနိုင်မည်မဟုတ်ဟု၎င်းက ပြောကြားသည်။


ဘူးသီးတောင်မြို့ အရှေ့ဖက် ချောင်းတစ်ဖက်ကမ်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စကခ(၁၅)နှင့် လက်အောက်ခံတပ်ရင်း ခမ၇ ၅၅၁၊ ၅၅၂၊ ၅၆၄၊  ၅၆၅ တို့အား အာရက္ခတပ်တော်(AA)ကမေလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် မေလ ၆ ရက်နေ့၌ ယခုလို မိုင်းခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

အဆိုပါတံတားပျက်စီးသွားသောကြောင့် ဘူးသီးတောင်အရှေ့ဖက်ရှိ ကျေးရွာပေါင်း ၂၀၀ခန့် မှ ဒေသခံပြည်သူများ ဘူးသီးတောင်မြို့သို့သွားလာရန်အတွက် အခက်တွေ့သွားပြီဟု သိ၇သည်။

တံတားအားမိုင်းခွဲလိုက်ပြီးနောက်  ဘူးသီးတောင် မြို့အား စစ်အင်အားအလုံးအရင်းချထားကြောင်း ဒေသခံများက ပြောဆိုသည်။

"ဘူးသီးတောင်မြို့ပေါ်မှာ စစ်တပ်အလုံးအရင်ချထားတယ်။ မြို့ကိုသိမ်းပိုက်လာမှာကို စိုးရိမ်နေတာ "ဟုပြောဆိုသည်။

ပြီးခဲ့တဲ့ဧပြီလ ၂၅ ရက်နေ့ တွင်လည်း ဘူးသီးတောင်မြို့နယ်ရှိဂုံးနားကျေးရွာနှင့် ဆင်အိုးပြင် ကျေးရွာကြားရှိ အများပြည်သူသွားလာသည့်တံတားတစင်းအားစစ်ကောင်စီတပ်မှ မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိ၇သည်။

(ဓာတ်ပုံ-AB N နှင့် Narinjara)

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.