သဉ္ဇာနွယ်၊နိရဉ္စရာ ၊ မေ ၇/၂၀၂၄
ရခိုင်ပြည်၊ပေါက်တောမြို့နယ်တွင် မိုးကြိုးထိမှန်၍ ဆယ် ကျော်သက်အရွယ် မွတ်ဆလင် ကလေးနှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ပေါက်တောမြို့နယ်၊ဆင်တက်မော်ကျေးရွာမှ ဦးအာဒူလာ၏ သားဖြစ်သူ မောင်အာဒူပါဟပ် (၁၂)နှစ်နှင့် ဦးမိုဟာမော့၏သားဖြစ်သူမောင်မိုရာသာမ(၁၀)နှစ်ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် မေလ ၆ ရက်နေ့ နံနက် ၁၀နာရီခန့်က ရွာ၏အနောက်ဖက် ချောင်းကမ်းနားတွင်
" အသက်၁၂ နှစ်ကောင်လေးက မိုးကြိုးပစ်ခံရလို့ အရင်သေသွားပါတယ်။ သူနဲ့အတူရပ်နေတဲ့ ၁၀နှစ်အရွယ်ကောင်လေးကလည်း သေဆုံးသူကို သွားထိတော့လျှပ်စစ်ဓာတ်ကူးပြီးသေသွားပါတယ်" ဟုပြောသည်။
နောက်ထပ် ဆွံ့အသွားသူ တစ်ဦးမှာလည်း တစ်ရွာထဲနေဦးသုလောင်၏ သားဖြစ်သူ ဦးနော်မာဟတိန်(ခ) ဦးကျော်လှချေ အသက်(၂၇)နှစ်ဖြစ်သည်။
၎င်းသည်မိမိအိမ်တွင် ငါးဖမ်းပိုက်ကိုဖာထေးပြုပြင်နေ
" သူကကိုယ့်အိမ်ထဲမှာပဲ ငါးဖမ်းပိုက်ကိုပြင်နေတာ။ မိုးကြိုးစက်ကွင်းမိသွားပြီးသတိလစ်သွားတာ။ ပြန်သတိရလာတော့ စကားမပြောတတ်တော့ဘူး "ဟုပြောသည်။
၇ခိုင်တွင်ပြီးခဲ့သည့် ၂၀၂၃ခုနှစ်ကလည်းမိုးရာသီအတွင်းကလည်း မိုးကြိုးပစ်၍ အသက်ဆုံးရှုံး ခဲ့ရသူများနှင့် ဒဏ်ရာရရှိသူ များပြားခဲ့သည်။
မိုးကြိုး အန္တရာယ်ကာကွယ်ရန်မိုးခြိမ်းသံကြားရသည်နှင့် ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) လုံခြုံသည့် နေရာတွင်းသို့ ခိုဝင်၇မည်။
နွားတင်းကုပ်ကဲ့သို့ သေးငယ်သော အဆောက်အအုံများ၌ခိုလှုံခြင်းမပြုရ။ ခိုလှုံစရာနေရာမရှိပါက မိမိလက်နှစ်ဖက်ဖြင့်နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ ခြေချောင်းများ၊ရှေ့ခြေဖဝါး များဖြင့်သာမြေကြီးကို ထိထား၇မည်။
လူအုပ်စုလိုက်ဖြစ်ပါကတစ်ဦးနှင့်တစ်ဦး ၁၅ ပေခန့် ခွာနေရမည်၊ ရေများနှင့်လည်း ထိတွေ့ဆက်စပ်နေ ခြင်း မပြုရချေ။ အိမ်တွင်း၌နေစဉ်ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက် ပန်းကန်ဆေးခြင်းများမပြုရ။ သတ္တု ပစ္စည်းများပါဝင်သော အဝတ်လှန်းကြိုး များ၊ခြံစည်းရိုးများနှင့် ဝေးဝေးနေရမည်။လိုင်းကြိုးဖုန်းများအစ ကွန်ပျူတာ၊တီဗွီစသည့် လျှပ်စစ်အသုံးအဆောင်များ အသုံးမပြု၇။
ပြတင်းပေါက်များအနီးတွင်မနေရ စသည့် နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်းဖြင့် မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြ၇မည်ဖြစ်သည်ဟု မိုးလေ၀သပညာရှင်များက အသိပေးထားသည်။ ( ဓာတ်ပုံ - လျှပ်စီးလက်နေသည့် မြင်ကွင်းတစ်ခု)