Preview

သံတွဲမြို့နှင့် ၁၀ မိုင်သာဝေးသည့် ပြွန်ခေါင်တောင်ကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးကြဲ

မေ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :1098
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ ၊မေ ၇/၂၀၂၄

၇ခိုင်ပြည် သံတွဲမြို့နှင့် ၁၀ မိုင်ခန့်သာကွာဝေးသည့် ချောင်းလယ်တော ကျေးရွာအနီးရှိ ပြွန်ခေါင်တောင်ကို မေလ ရ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိ၇သည်။

“ ဂျက်ဖိုက်တာ ပျံဝဲလာပြီးတော့ လေးကြိမ်ဗုံးကြဲတာ။ပြွန်ခေါင်တောင်မှာ အေအေ ရောက်နေတာကိုသိလို့ကြဲတာပါ။ စစ်ကောင်စီကလည်း ပြည်သူတွေရဲ့ရွာတွေထဲ ဝင်နေတယ်၊ဗုံးစတွေက အနီးအနားရွာတွေကိုပါကျတာ၊အဲ့ဒီ နေရာက ချောင်းလယ်တောအပိုင် ငမန်းခဲရွာနဲ့ တဖက်တကမ်း သံတွဲမြို့ထဲနဲ့ ၁၀ မိုင်လောက်ပဲဝေးတော့တယ်” ဟု ပြွန်ခေါင်တောင်အနီးဒေသခံတစ်ဦးက နိရဉ္စရာ သို့ပြောသည်။

မေလ ရ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ပြွန်ခေါင်တောင် အနီးရှိ သပြုချိုင်ကျေးရွာလယ်ကွင်းထဲ သို့ဗုံးကျရောက်ပေါက်ကွဲခဲ့သည့်အပြင် လင်းသီကျေးရွာ သို့လည်းဗုံး နှစ်လုံးကျရောက်ခဲ့ကြောင်းဒေသခံ များကဆိုသည်။

“ လင်းသီကို ဗုံး နှစ်လုံးကျတာ တစ်လုံးပေါက်ကွဲတယ်၊အိမ်ယာအလွတ်ကို ကျလို့တော်သေးတယ်၊ မပေါက်သေးတဲ့ တစ်လုံးကို စစ်တပ်ကလာယူသွားတယ်၊သူတို့ အဓိက ပြွန်ခေါင်တောင်ကို လေယာဉ်နဲ့ဗုံးကြဲတာ ဒီဖက်အထိလာမှန်တယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

အဆိုပါ ပြွန်ခေါင်တောင်သည် သံတွဲမြို့မှရေလမ်းခရီးဖြင့်သာ သွားလာ၍ ရပြီး ယခုရာသီတွင်လယ်သမားများ၊ဉယျာဉ်ခြံသမားများ၊တောင်ယာသမားများအသွားအလာနည်းပါးချိန်ဖြစ်ကြောင်းဒေသခံများထံမှသိ၇သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်အတွင်းရှိ ကျောင်းကုန်း၊ အုန်းမော်နှင့် လင်းသီကျေးရွာ အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာမှ ယခုချောင်းလယ်တောရွာအနီး ပြွန်ခေါင်တောင် သို့ စစ်ကောင်စီမှဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.