Preview

မောင်တောမြို့ ဝေသာလီကျေးရွာမှ အိမ် ၁၆ လုံးမီးရှို့ခံ၇ပြီး အမျိုးသမီး ၁ ဦးသတ်ဖြတ်ခံရ

မေ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :1418
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ရ ရက်/၂၀၂၄

၇ခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ ၃မိုင်အနီး ဝေသာလီကျေးရွာအား မေလ ရ ရက် နံနက် အစောကြီး အချိန်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ မွတ်ဆလင် လက်နက်ကိုင်များမှ ဝင်ရောက်မီးရှို့ပြီး သေနတ်ဖြင့်ပစ်ခတ်၍ အမျိုးသမီး ၁သေနတ်ထိမှန်  သေဆုံးခဲ့ရကြောင်း ကျေးရွာဒေသခံများထံမှ သိ၇သည်။

သေနတ်ပစ်ခံရပြီးသေဆုံးခဲ့သည့် အမျိုးသမီးမှာ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာမှကိုအဝင်းချေ ၏ ဇနီးဖြစ်သူ မမေကြီးမ အသက် (၃၀) နှစ်ဖြစ်သည်။

"ဒီနေ့မနက် အာရုံ ၁ နာရီကျော်မှာ နခခ(၅)ကကျေးရွာအတွင်းကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခဲ့တယ်။ မနက် အစောကြီး ညဉ့်  ၂ နာရီလောက်မှာ မွတ်ဆလင်စစ်သားတွေ ရွာကိုဝင်လာကြပြီး မီးရှို့သွားကြတာနေအိမ် ၁၆ အိမ်မီးလောင်ခဲ့၇တယ်။ အမျိုးသမီး တစ်ဦးကိုလည်း သေနတ်နဲ့  ပစ်သတ်ခဲ့ကြတယ်"ဟု ပြောကြားသည်။

ထိုသို့ မောင်တောမြို့ ၃ မိုင်ရှိ ဝေသာလီကျေးရွာအားစစ်ရာဇဝတ်မူမြောက်စွာ မီးရှို့လူသတ်ခဲ့သူများမှာ မောင်တောမြို့၊မြို့သူကြီး နခခ(၅)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ထိုတပ်ရင်းထဲ၌ စစ်သင်တန်း ပေးထားသည့် မွတ်ဆလင်တွေပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသည်။

"စစ်သားတွေနဲ့ မွတ်ဆလင်သားတွေရွာထဲကို သေနတ်တွေပစ်ပြီး ဆဲဆိုဝင်လာကြတာ။ မမေကြီးမ နဲ့ ကလေး ၂ဦး သူခင်ပွန်း အဝင်းချေ တို့နေအိမ်ခြံစည်းရိုးကို ကျော်ပြီးထွက်ပြေးကြတာ။ နောက်မှ သေနတ်နဲ့ပစ်တာမမေကြီးမ ကျောကုန်းမှာ ထိသွားတာ။ ကလေး ၂ ယောက်နဲ့လင်သည်က လွတ်သွားကြတယ်"ဟု ပြောဆိုသည်။

ယခုလုပ်ရပ်သည် လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်ရန် တမင် စစ်ကောင်စီက အောက်လမ်းနည်း သုံးကာ တမင်လုပ်ဆောင်နေသောလုပ်ရပ်ဖြစ်ပြီး ယခုလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း မောင်တောမြို့မှ လူမှုရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ မောင်တောမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပေမယ့် ခုလို မီးရှို့လူသတ်တဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ဘူး။ အခု စဖြစ်လာတာကို တွေ့ရတယ်။ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ စစ်တပ်ပါဝင်နေသလို တချို့ကလည်း ရည်ရွယ်ချက်ရှိ လုပ်ဆောင်နေတာတွေတွေ့ရတယ်။ ဒီလုပ်ရပ်အပေါ်မှာ ကျွန်တော်တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ပြောဆိုသည်။

ဝေသာလီကျေးရွာ၌ လူနေအိမ် ၆၀ ခန့်ရှိပြီး ထိုအထဲက ၁၆ အိမ်မီးရှို့ခံခဲ့၇သည်။

ဝေသာလီကျေးရွာကို ၂၀၀၀ ခုနှစ်တွင် (နတလ)ကျေးရွာအဖြစ်စတင်တည်ထောင်ခဲ့ပြီး မောင်တော-အငူမော် ကားလမ်းပေါ်တွင်တည်ရှိသည်။

#မောင်တောမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.