တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

မောင်တောအနီး၌ စစ်ကောင်စီ-အာဆာပူးပေါင်တပ်ဖွဲ့နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၇ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာ၊ လဘော်ဇားကျေးရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ-အာဆာ (ARSA) ပူးပေါင်းတပ်ဖွဲ့နှင့် အာရက္ခတပ်တော် (AA) တို့  တိုက်ပွဲ ပြင်းထန်းစွာ ဖြစ်ပွားနေကြောင်း ဒေသခံမွတ်ဆလင်များထံမှ တဆင့် သိရသည်။

ဒေသခံတစ်ဦးက  "လဘော်ဇားကျေးရွာအနီးမှာ စစ်ကောင်စီတပ်- အာဆာ ပူးပေါင်းတပ်တွေနဲ့  အေအေတို့ မေလ ၆ ရက်ကတည်းက တိုက်ပွဲဖြစ်နေကြတာ။ ဒီနေ့ မေလ ၇ ရက်နေ့မှာ တိုက်ပွဲ တွေ ပြင်းထန်စွာဖြစ်ခဲ့ကြတယ်။ ကညင်ချောင်း စီးပွားရေးဇုန်က လက်နက်ကြီး ပစ်ကူပေးနေတော ရွာသူ ရွာသားတွေ ထွက်ပြေး ခဲ့ကြရတယ်" ဟု ပြောကြားသည်။

မောင်တောမြို့သို့ ကညင်ချောင်းစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းသို့ မေလ ၆ ရက်နေ့၌ ကမ်းထိုး စစ်ရေယာဥ် ၃ စီးဖြင့် စစ်အင်အားအလုံးအရင်းဖြည့်တင်းလာပြီးနောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်လာသည်ဟု ဒေသခံများကပြောဆိုသည်။

"မောင်တောကို မေလ ၆ ရက်နေ မှာ ကညင်ချောင်းစီးပွါးရေးဇုန်က ကမ်းထိုးရေယာဥ် ၃ စီး နဲ့ စစ်အင်အားအလုံးအရင်းဖြည့်တင်းနေတာ။ တပ်နောက်ဆုတ်သွားတဲ့လှဖိုးခေါင် နဲ့ ပြင်ဖြူစခန်းတွေ ကိုပါအင်အားဖြည့်လာတော တိုင်ပွဲတွေဆက်တိုက် ဖြစ်နေကြတာ”ဟု ပြောဆိုသည်။

ရွှေဇားကျေးရွာအုပ်စု လဘော်ဇားကျေးရွာ၌ စစ်ကောင်စီက အကြဖမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အာဆာမှ ခြေကုတ်ရရှိရန် ကြိုးစားလာစဉ် အာရက္ခတပ်တော် AA မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု​သိရသည်။

အကျအဆုံးများနေသည့် အာဆာ (ARSA) အကြမ်းဖက်အဖွဲမှ စစ်ကောင်စီသို့ အင်အားနှင့် လက်နက်ကြီး ပစ်ကူတောင်းခံလာတဲ့ အတွက် စစ်ကောင်စီဖက်မှ တပ်ကူများပို့ဆောင်ပြီး  ကညင်ချောင်း စီးပွားရေးဇုန်ဝင်းထဲကလည်း  လက်နက်ကြီးများဖြင့်  ပစ်ကူပေးလျှက်ရှိနေသည်ဟု​ သိရသည်။

စစ်ကောင်စီမှ စစ်အင်အားတိုးချဲပြီးနောက် ကညင်ချောင်းစီးပွားရေးဇုန်၌ လက်နက်ကြီး အထိုင်စခန်း တည်ဆောက်ထားပြီး လက်နက်ကြီးပစ်ကူပေးနေသလို မောင်တော ဒေသသို့ ရေကြောင်းမှ စစ်အင်အားဖြည့်တင်းနေသည့် ကညင်ချောင်းစီးပွါးရေးဇုန်အား စစ်ကောင်စီမှ ကာကွယ်လျှက်ရှိလျှက် ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ