Preview
Preview
Preview

မြို့နေလူအချို့ စွန့်ခွါသွားပြီဖြစ်သော စစ်ကောင်စီရုံးစိုက်ရာ မြို့တော်စစ်တွေသို့ စားနပ်ရိက္ခာ ကုန်တင်သင်္ဘောများ ရောက်ရှိနေသော်လည်း ဆန်ဈေးနူန်းမြင့်တက်နေဆဲ

မေ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :11237
ရခိုင် သတင်း

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၈/ ၂၀၂၄

ရခိုင်ပြည်၊ စစ်ကောင်စီရုံးစိုက်သည့် မြို့တော်စစ်တွေသို့ စားနပ်ရိက္ခာကုန်စည်တင်ဆောင်သည့် သင်္ဘောများရောက်ရှိနေသော်လည်း ဆန်ဈေးနူန်း မြင့်တက်နေဆဲဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဧပြီလကတည်းက ရန်ကုန်မှ စားနပ်ရိက္ခာပို့ဆောင်သည့် သင်္ဘော၊ ကန့်သတ်ကုန်တင်သည့် သင်္ဘောနှင့် သာမာန်ကုန်ပစ္စည်းတင်ပို့သည့် သင်္ဘောများ အဝင်အထွက်ရှိနေသော်လည်း ဆန်ဈေးနူန်းမှာ ဆက်လက်မြင့်တက်နေဆဲဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“ သင်္ဘောကတော့ သုံးမျိုးလောက်ဝင်တယ်။ တစ်မျိုးက စစ်ကောင်စီပစ္စည်းတင်တဲ့ သင်္ဘော။ အဲ့ဒီသင်္ဘောမှာတော့ ကုန်ပစ္စည်းတွေ အကုန်တင်လို့၇တယ်။ နောက်တစ်ခုက စစ်ကောင်စီက ကန့်သတ်ထားတဲ့ပစ္စည်း။ဆန်၊ဆေးတခြားပစ္စည်း အမျိုး၉၀ လောက်ရှိမယ်။ အဲ့ဒါတွေကို စစ်ကောင်စီကို ပိုက်ဆံပေးပြီး တင်လာတဲ့သင်္ဘောကတစ်မျိုး။ အဲ့ဒီတော့ ဆန်တစ်အိတ်ကို တင်ဆောင်ခ ငါးသောင်းလောက် ပေးရတော့ ဆန်ဈေးကမကျဘူး။ ဒါပေမယ့် အဲ့ဒီလိုတင်လာမှ စစ်တွေကို ဆန်ဝင်တာ။ တခြားနေရာက ဝင်တဲ့နေရာမရှိဘူး။နောက်တစ်ခုက သာမာန် စစ်ကောင်စီက ခွင့်ပြုထားသလောက်ပဲတင်တဲ့ သင်္ဘော။ အဲ့ဒီသေ မှာတော့ဆန်တွေ ဆေးတွေမပါဘူး” ဟုပြောသည်။

စစ်တွေတွင် ဆန်ဈေးနူန်းမှာ တစ်အိတ်ကို ငွေကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲကြားရှိနေပြီး စစ်တွေမှအပ တခြားမြို့နယ်များသို့  ကုန်ပစ္စည်းတင်ပို့ခွင့် ပိတ်ပင်ခံထားရသည့်အတွက် ကုန်ခြောက်ပစ္စည်းများ အနည်းငယ်ဈေးကျနေသည်ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ အခုဆိုရင် ကုန်ပစ္စည်းတွေကတော့ ဝင်တယ်။ ဒါပေမယ့် စစ်တွေကနေပြီး တခြားနေရာတွေကို ကုန်ပစ္စည်းတွေ မပို့ရတော့ ကြက်သွန်တို့ ငရုတ်သီးခြောက်တို့ နှစ်ဆလောက်ကျသွားတယ်။ဆန်ကလွဲလို့ပေါ့” ဟုပြောသည်။

ရန်ကုန်မှ စစ်တွေသို့ ကုန်သင်္ဘောများ ဝင်ရောက်သကဲ့သို့ တိုက်ပွဲကြောင့် ပျက်စီးထိခိုက်မည်ကို စိုးရိမ်၍ စစ်တွေမှ ရန်ကုန်သို့ အိမ်သုံးပစ္စည်းများတင်ဆောင်သည့် သင်္ဘောများလည်း ဝင်ထွက်လျက်ရှိသည်ဟု စစ်တွေမြို့ခံ အမျိုးသမီးက ပြောသည်။

“ စစ်တွေမှာက တကယ်မရှိဆင်းရဲသားတွေပဲ ရှိတော့တယ်။ တချို့ ငွေကြေးရှိတဲ့သူတွေက လည်းအခြေအနေစောင့်ကြည့်ပြီးနေတာလည်းရှိတယ်။ အခုနောက်ပိုင်းစစ်တွေကနေ ရန်ကုန်ကို တိုက်ပွဲရှောင်နေတဲ့ သူတွေမှာ အိမ်မှာ ပစ္စည်းတွေ ကျန်ခဲ့တဲ့ ရေခဲသေတ္တာတို့၊ စက်ပစ္စည်းတွေ တန်ဖိုးကြီးတာတွေကို ရန်ကုန်ကို သင်္ဘောနဲ့ တင်နေကြတာတွေလည်းများလာတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်ရင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတို့ ၊ လက်နက်ကြီးကျည်ပစ်တာတို့လုပ်ရင် အပျက်အစီးများမှာ စိုးရိမ်လို့” ဟု ပြောသည်။

စစ်ကောင်စီကန့်သတ်ထားသည့် ကုန်ပစ္စည်းများတွင် ဆန်၊ဆေးဝါးပစ္စည်း၊ ကော်ဖီမစ်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း အမျိုးအစား ၉၀ ခန့်ရှိကြောင်းသိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.