တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းမှ တံတား ၂ စင်းအား စစ်ကောင်စီမိုင်းခွဲ ဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၈ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကားလမ်းပေါ်ရှိ  ၃ မိုင်တံတားနှင့် လှဖိုးခေါင်သွားလမ်းပေါ်ရှိ လှဘော်ဇားတံတားများအား စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်သည်။

 

ထိုသို့ တံတားများအား ဖျက်ဆီးလိုက်ခြင်းမှာ  မောင်တောမြို့သို့ အေအေအနေဖြင့် ဝင်ရောက်မလာရန် ဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း မောင်တောဒေသခံများထံမှသိရသည်။

 

ဒေသခံတစ်ဦးက "အဓိက မောင်တော မြောက်ပိုင်းကိုအသွားအလာဖြတ်တောက်လိုက်တာ။  မောင်တော ၃ မိုင်ဖက်က သွားရင် ၃ မိုင်တံတားကိုဖြတ်ရတာ။ နောက် လှဖိုးခေါင်ဖက်က ​မောင်တော မြောက်ပိုင်းသွားရင် လဘော်ဇားတံကို ဖြတ်ရတယ်။ အဲဒီတံတား ၂ စင်းလုံးကို မိုင်းခွဲဖျက်ဆီး လိုက်တော မောင်တောမြောက်ပိုင်း ကို ဘယ်လိုမှသွားမရတောဘူး"ဟု ပြောကြားသည်။

 

လှဖိုးခေါင်သွားလမ်းရှိ လဘော်ဇားတံတားနှင့် ၃ မိုင်တံတား အား မေလ ၇ ရက်၊ ည အချိန်၌ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

 

 ထိုတံတား ၂ စင်းအားဖျက်ဆီးလိုက်ခြင်းမှာ AA သိမ်းပိုက်ထားသည့် လှဖိုးခေါင်၊ ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ တမန်းသား၊ ခမောင်းဆိပ်၊အောင် သပြေ၊ဗန္ဓုလနှင့်တောင်ပြို့လက်ဝဲ/လက်ယာများသို့ ကားများသွားလာရခက်ခဲ သွားရန်ရည်ရွယ်ပြီးဖျက်ဆီး တာဖြစ်ကြောင်း စစ်ရေးလေ့လာသူတွေက ပြောဆိုသည်။

 

လက်ရှိတွင် မောင်တောမြို့ဝင်/ထွက်စခန်းက ပါသွားလာမူအား ပိတ်ထားကြောင်း မောင်တော ဒေသခံများထံမှ သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!