Preview

မောင်တောမြို့ နခခ(၅)အနီးသို့ ထိုးစစ်ဆင်လာသည့် AA တပ်ဖွဲများနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

မေ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :2490
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၈ ရက်/၂၀၂၄

၇ခိုင်ပြည်နယ်၊မောင်တောမြို့နခခ(၅) အနီးသို့ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်နှင့်စစ်ကောင်စီတပ်တို့အကြားမေလ ၈ ရက် ယနေ့ နံနက်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး  ဇူလမွတ်ဆလင်ရွာမှာ ရွာသားများ  ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံ မွတ်ဆလင်များထံမှ သိ၇သည်။

 

 "ဒီနေ့ မနက်ကတည်းက ဇူလရွာအနီးမှာတိုက်ပွဲဖြစ်နေကြတာ။ နခခ(၅)က ဇူလရွာအနီးကို လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာသူရွာသားတွေ ထွက်ပြေးနေကြ၇တယ်။ နေ့လယ်ပိုင်းမှာ သီဟိုလ်ခြံ အနီးမှာ ဖြစ်ကြတယ်။ အခုညနေပိုင်းတော့ တိတ်ဆိတ်နေတယ်" ဟု ပြောကြားသည်။

 

မောင်တောမြို့သို့ကညင်ချောင်းစီးပွါးရေးဇုန်ရေနက်ဆိပ်ကမ်းသို့ မေလ၆ ရက်နေ့၌ကမ်းထိုး စစ်ရေယာဥ်၃ စီးဖြင့် စစ်အင်အား ၅၀၀ ကျော်ဖြည့်တင်းခဲ့ပြီး နောက် နခခ(၅)အား ကာကင်းအဖြစ် မောင်တော ခရိုင်တရားရုံး၌စစ်တပ်မှနေရာချထားခဲ့ကြောင်း မျက်မြင်ဒေသခံတွေကပြောဆိုသည်။

 

 "စစ်တပ်က ခရိုင်တရားရုံးမှာ အထိုင်ချလာတယ်။ တရားရုံးနောက်က ဇူလရွာကို ထိုးစစ်ဆင်တောနှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြတာ"ဟု ပြောဆိုသည်။

 

နခခ (၅) သည် မောင်တောမြို့အဝင် ကားလမ်းဘေးတွင် တည်ရှိပြီးမောင်တောအား ကာကွယ်ထားသော တစ်ခုတည်းသော လက်ကျန်စခန်းကြီးဖြစ်ကြောင်း သိ၇သည်။

 

မေလရ ရက်နေ့၌မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာ၊လဘော်ဇားကျေးရွာအုပ်စုအနီး၌စစ်ကောင်စီနှင့်အာဆာ ပူးပေါင်းတပ်ဖွဲများ နှင့် AA တို့ တိုက်ပွဲပြင်းထန်းစွာဖြစ်ပွါးခဲ့ကြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.