ဂျွန်နသန်၊နိရဉ္စရာ၊ မေ ၈/၂၀၂၄
ပြည်တွင်းစစ်ဖြစ်ပွားနေသော အိမ်နီးချင်းမြန်မာနိုင်ငံကို ကြားဝင်စေ့စပ်ရန်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ကြိုးပမ်းမှုများကိုမြန်မာတော်လှန်ရေးအဖွဲ့များက ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ဧပြီလအတွင်း က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ၊ အမျိုးသား ညီညွတ်ရေး အစိုး၇(NUG) တို့နှင့်ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း The Nation က ဖော်ပြ သည်။
သက်ဆင်သည်၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ် လက်ရှိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြား မြန်မာဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး လက်ရှိတွင် တော်လှန်ရေးအဖွဲ့များနှင့်စစ်အစိုး၇အကြား ပြေလည်အောင် ညှိနှိုင်းပေးဖို့အတွက် သက်ဆင်က ကမ်းလှမ်းခဲ့သည်။
သက်ဆင်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကိုနှစ်သုတ် ခွဲပြီးပြုလုပ်ခဲ့သည်။
ပထမအသုတ်ကို ဧပြီလ ၁၃ ရက်ကပြုလုပ်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ကချင်အမျိုးသားအစည်းအရုံး (KNO) တို့မှကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ဒုတိယအသုတ်တွင်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံခဲ့သည်။
သက်ဆင်သည် မြန်မာနိုင်ငံတွင်သက်တမ်းအရင့်ဆုံး၊ အင်အားအကြီးဆုံး တိုင်းရင်းသားအဖွဲ့အစည်း ဖြစ်သည့်ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အတူ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဘန်ကောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
သက်ဆင်သည် မြန်မာနိုင်ငံရှိ ပဋိပက္ခများ၏ ရှုပ်ထွေးနက်နဲမှုများအား သိရှိနားလည်မှုအပေါ်တွင် EAO ခေါင်းဆောင်များကသံသယရှိကြသည်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ၃ နှစ်ကျော်ကြာ ပြင်းထန် လာပြီးနောက်အာဆီယံ၏ ဘုံသဘောတူညီချက် ၅ရပ်၏ ငြိမ်းချမ်းရေးအစီအစဉ်မှာ အရာမထင်သည့်အတွက် သက်ဆင်၏ကြားဝင်ဆောင်ရွက်ခြင်းကိစ္စပေါ်ပေါက်လာခြင်း ဖြစ်သည်။
သို့သော်လည်းသက်ဆင်၏ လုပ်ဆောင်ချက်သည် ဆွေးနွေးပွဲတွင် ပါဝင်သည့် EAO များ၏ပြင်းထန်သည့် ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရကြောင်းEAOအဖွဲ့များ၏ သတင်းရင်းမြစ်များက ဆိုသည်။
“ သက်ဆင်တင်ပြတဲ့ စာရွက် စာတမ်းကို ဘယ်အဖွဲ့မှ လက်မှတ်မထိုးဘူး”ဟုEAO အဖွဲ့တစ်ဖွဲ့က ဆိုသည်။
“ သက်ဆင်ကအဖွဲ့တစ်ခုချင်းစီကို လက်မှတ်ရေးထိုးဖို့အတွက် သူ့ကိုယ်သူ စေ့စပ်ညှိနှိုင်းသူအဖြစ် လုပ်ပိုင်ခွင့်ပေးထားသည့် တရားဝင်စာရွက်စာတမ်းတစ်စောင်ယူဆောင်လာခဲ့ပါတယ်” ဟု EAO သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က သက်ဆင်၏စွက်ဖက်မှုသည် ကိုယ်ရေး ကိုယ်တာ ကိစ္စဖြစ်ပြီး ထိုင်းအစိုးရနှင့်ပတ်သက်မှုမရှိ ကြောင်းယမန်နေ့ကပြောကြားခဲ့သည်။
အခုလောလောဆယ်ကျွန်တော်တို့ လုပ်နိုင်တာက စောင့်ကြည့်ယုံပါပဲ” ဟုဆိုသည်။
EAO များနှင့် NUGတို့သည်ငြိမ်းချမ်းရေးကို တစ်ဦးချင်း ညှိနှိုင်းဆွေးနွေးမည်မဟုတ်ဘဲ တိုင်းရင်းသားအားလုံးနှင့် တစ်စုတစည်း အဖြစ်သာညှိနှိုင်းမည်ဖြစ်သည်။
၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ အာရက္ခတပ်တော်(AA)၊တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကိုပြေလည်အောင် မဆောင်ရွက်နိုင်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ Source/The Nation