နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၉ ရက်/၂၀၂၄
ရခိုင်ပြည် ၊မောင်တောမြို့အနီးရွှေရင်းအေး(ရခိုင်)ကျေးရွာ နှင့် ညောင်ချောင်း (မွတ်ဆလင်) ကျေးရွာအားများအားယနေ့ မေလ၉ ရက် မနက် ၅ နာရီမှစပြီးစစ်ကောင်စီက မီးရှို့လျှက် ရှိနေကြောင်း ဒေသခံ မွတ်ဆလင်များထံမှသိရှိ၇သည်။
"ညောင်ချောင်းကမွတ်ဆလင်ရွာ၊ ရွှေရင်အေးကရခိုင်ရွာပါ။မီးလောင်နေတာဒီနေ့မနက်၅နာရီကတည်းကပါ။ အခုလည်းလောင်နေတုန်းပါ။ မြို့ပေါ်ကမြင်နေ၇ပါတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ရွှေရင်းအေး(ရခိုင်)ကျေးရွာ၌အိမ် ၁၅၀ ကျော်ရှိပြီး နှင့်ညောင်ချောင်း(မွတ်ဆလင်)ကျေးရွာ၌အိမ်ခြေ ၂၀၀ ခန့်ရှိသောကျေးရွာများဖြစ်ကြပြီး ဗောဓိကုန်းစခန်းတိုက်ပွဲကာလမှစပြီး လူနေထိုင်ခြင်း မရှိကြောင်း ဒေသခံများထံမှသိ၇သည်။
ယခုကဲ့သို့ မောင်တောမြို့အနီး ကျေးရွာနှစ်ရွာအား စစ်ကောင်စီမှရည်ရွယ်ချက်ရှိရှိမီးရှို့နေခြင်းမှာနခခ(၅) အားဒရုန်းများ၊ ရှောတိုက်ဒုံးများဖြင့် တိုက်ခိုက်ခံနေရသဖြင့် AA မှ ၎င်းကျေးရွာများအားအကာအကွယ်ယူကာ တိုက်ခိုက်လာမည်ကို စိုးရိမ်၍ မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။
"ဝေသာလီကျေးရွာကလည်းနခခ(၅)ကို လှမ်းမြင်နေရတဲ့ ရွာတစ်ခုဖြစ်တယ်။အခု ရွှေရင်အေးနဲ့ညောင်ချောင်းရွာတွေကလည်းနခခ(၅)တောင်ဖက်မှာအနီးဆုံးရှိနေတဲ့ရွာတွေဆိုတော ရှင်းလင်းလိုက်တဲ့ သဘောပါ"ဟု ပြောဆိုသည် မောင်တောမြို့ ၃မိုင်အနီး ဝေသာလီကျေးရွာအား မေလ ရ ရက် မနက်အာရုံ ၁ နာရီကျော်၌ စစ်ကောင်စီမွတ်ဆလင်စစ်သားများဝင်ရောက်မီးရှို့ခဲ့ရာလူနေအိမ် ၁၆ အိမ်မီးလောင်ခဲ့ရပြီးကျေးရွာဒေသခံအမျိုးသမီး ၁သေနတ်ပစ်ခံရပြီးသေဆုံးခဲ့၇သည်။
မောင်တောမြို့တောင်ဖက်ရှိစစ်ကောင်စီတပ်ရဲ့ နခခ(၅)၏ အဓိက ကာကင်းဖြစ်သည့် ဗောဓိကုန်း စခန်းအားဖေဖော်ဝါရီလ ၆ ရက်ကတည်းက အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ခဲ့သည်။