နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၉/၂၀၂၄
အာရက္ခတပ်တော်(AA)က မောင်တောမြို့အနီးထိ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် မြန်မာစီးပွားရေး ဘဏ်မှငွေများကို စစ်ကောင်စီက ကမ်းထိုးဇက်ရေယာဥ်ဖြင့် စစ်တွေသို့ ယူဆောင်သွားကြောင်း ဘဏ်မိသားစုအသိုင်းအဝန်းမှ တဆင့် သိ၇သည်။
"ဘဏ်ကငွေတွေကိုယခင်က လေးမိုင်နခခ(၂)က ဘဏ္ဍာတိုက်မှာထားခဲ့တယ်။ နခခ(၂)ကို ဒရုန်းနဲ့ အတိုက်ခံလာ၇တော့ မောင်တောမြို့ အဝင် နခခ(၅)ကိုပြောင်းထားတာ။ နခခ(၅)လည်း စစ်ရေး အခြေအနေမလှတော့ မေလ၆ ရက်က ကညင်ချောင်းဆိပ်ကမ်းကနေ ကမ်းထိုးရေယာဥ်နဲ့ အထက်အမိန့်အရ ရေယာဉ်ပေါ် တင်ပေးလိုက်ရတယ်။ စစ်တွေကို မေလ ရရက်နေ့မှာ တပ်ရင်းတပ်ဖွဲ့ မိသားစုတွေနဲ့ ဘဏ်ဝန်ထမ်းတွေ အဲဒီရေယာဉ်နဲ့ဘဲ စစ်တွေကိုလိုက်သွားကြတယ်"ဟု ပြောကြားသည်။
မြန်မာစီးပွားရေးဘဏ်မှ ယူဆောင်သွားသော ဘဏ္ဍာငွေပမာဏမှာကျပ် (၁၄၆၂၄ရ၇၀၀၀) ရှိသည်ဟု အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။
မြန်မာစီးပွားရေးဘဏ်မှ ငွေများကို စစ်တွေသို့ရွေ့ပြောင်းလိုက်ပြီး ဘဏ်များကိုလည်း ပိတ်ထားသဖြင့် ဘဏ်၌ငွေအပ်နှံ စုဆောင်းသူများအနေဖြင့် စစ်ရေးကာလ၌ ငွေထုတ်မရ၍ အထူးအခက်အခဲ များဖြင့် ကြုံနေကြ၇ကြောင်း ပြောဆိုသည်။
ဒေသခံကျောင်းဆရာမ တစ်ဦးက "ကမ္ဘောဇမှာအပ်ထားတဲ့ငွေတွေကလည်း ဘဏ်မဖွင့်တော့ ထုတ်မ၇ဘူး။ Kpay က ထုတ်ယင်လည်း ၁၂ရာခိုင်နှန်းအထိ ကော်မရှင်ခပေးနေရတယ်။ အခု မြန်မာစီးပွါးရေးဘဏ်မှာ အပ်ထားတဲ့ငွေတွေလည်း ထုတ်မရတော့ဘူး။ ဘဏ်လည်း ပိတ်ထားတယ်။ အခုလိုစစ်ဖြစ်နေတဲ့အချိန်မှာ အရေးပေါ်သုံးစွဲဖို့ စုထားတဲ့ ငွေတွေ ထုတ်မရတော့ အတော်လေးဒုက္ခတွေ၇တယ်"ဟု ပြောဆိုသည်။
ထိုသို့မောင်တောမြန်မာစီးပွားရေးဘဏ်အားစစ်ရေးအရ ရပ်ဆိုင်းလိုက်သဖြင့် မောင်တောဒေသမှဝန် ထမ်းများ စားဝတ်နေရေးအခက်အခဲ များစွာဖြစ်လာနိုင်ပြီးဝန်ထမ်းများအားလုံးနေရပ် စွန့်ခွာ သွားနိုင်ကြောင်း မြို့ခံများက သုံးသပ်ကြသည်။