Preview

မောင်တောအနီးရှိ ပန်းတောပြင်နယ်ခြားစောင့်စခန်း နောက်ဆုတ်ပြီးနောက် ပန်းတောပြင်တံတားအား မိုင်းခွဲဖျက်ဆီး

မေ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :1845
ရခိုင် သတင်း

(မောင်တောမြို့အဝင်/အထွက်လမ်းများအားစစ်ကောင်စီကပိတ်ဆို့ထား)

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၉ ရက်/၂၀၂၄

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ ပန်းတောပြင် နယ်ခြားစောင့်စခန်းသည်မောင်တောမြို့သို့ တပ်ဆုတ်သွားပြီး အနီးအနားရှိ ပန်းတောပြင်တံတားကိုလည်း ဖောက်ခွဲဖျက်ဆီးသွားကြောင်းသတင်းရရှိသည်။

၎င်းတံတားသည် မောင်တောမြို့တောင်ဖက်၂ မိုင် ၁ ဖာလုံအကွာတွင်တည်ရှိသည်။

ပန်းတောပြင်နယ်ခြားစောင့်စခန်းသည် မေလ၉ ရက်မနက် ၅ နာရီခန့်၌  နောက်ဆုတ်သွားပြီးနောက် မနက်၆ နာရီကျော်၌ တံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ပန်းတောပြင် မွတ်ဆလင်ကျေးရွာသားများက ပြောကြားသည်။

"ပန်းတောပြင်နယ်ခြားစောင့် စခန်းနောက်ဆုတ်ပြီးတာနဲ့ တံတားမိုင်းပေါက်ကွဲတာ။ ဒီတံတားမရှိရင် တောင်ပိုင်းက ကျေးရွာ ၉ ရွာလောက်က လုံး၀ သွားလာရေးခက်ခဲသွားပြီ" ဟု ၎င်းက ပြောကြားသည်။

ပန်းတောပြင်တံတားမိုင်းခွဲခံဖျက်ဆီးခံခဲ့ရတာကြောင်း ပန်းတောပြင်ရွာအုပ်စုရှိ ကျေးရွာ ၄ ရွာအပြင်၊   ပဒင်း၊ မကျည်းချောင်း၊ ညောင်ချောင်း၊ နူရ်လာစသည့် မွတ်ဆလင်ကျေးရွာများတည်ရှိသည်။

"ဒီပန်းတောပြင်တံတားကိုဖျက်ဆီးလိုက်တာကကျွန်တော်တို့ မွတ်ဆလင်တွေတော်တော်လေး ဒုက္ခ တွေ့နေကြရပြီ။ သုံးဘီးတွေနဲ့ ဆိုက္ကယ်တွေသွားမရတောမြို့ထဲ့ကိုဈေးလာဝယ်မှာတို့ ဆေးခန် းလာပြမယ့် အမျိုးသမီးတွေ၊ ဗိုက်ကြီးသည်တွေ၊ သက်ကြီးရွယ်အိုတွေ အားလုံး ဒုက္ခရောက်ကြ၇မှာ"ဟု ပြောဆိုသည်။

မေလ၈ ရက် ၌ မောင်တောမြောက်မိုင်းသို့သွားလာရာ၌အဓိကကျသည့် အလျား ( ၁၀၀) ပေ၊ အနံ ( ၁၂) ပေရှိ ၃ မိုင် သံတံတား၊ အလျား(၁၅၀) ပေခန့်၊ အနံ (၁၀)ခန့် ရှိလှဖိုးခေါင်သွားလမ်းပေါ်ရှိ လှဘော်ဇားတံတား၊ အလျား( ၁၆) ပေ၊ အနံ ( ၁၂) ပေရှိသော ဧတေလီယာကျေးရွာအုပ်စုကံကျမြောက်ရွာ ကွန်ကရစ်တံတားလည်း စစ်ကောင်စီက  ဖျက်ဆီးလိုက်ပြီဖြစ်သည်။

လက်ရှိ အချိန်ထိ မောင်တောမြို့တွင်းဆက်သွယ်ထားသည့်တံတား ၄ စင်အား စစ်ကောင်စီမှ ဖြတ်တောက်လိုက်ပြီးလက်ရှိ၌ ပြည်သူများအားမြို့ပြင်သို့သွားလာခွင့်မပြုသလို့ မြို့တွင်းသို့လည် ဝင်ရောက်ခြင်းမပြုဘဲ မြို့အားပိတ်ဆို့ထားကြောင်း မောင်တောဒေသခံများထံမှသိ၇သည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.