တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝတွင် စစ်ကျန်လက်နက်ကို ထုခွဲကစားရာမှ ၁၀နှစ်အောက်အရွယ် ကလေး ၄ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 346

သဥ္ဇာနွယ်/ နိရဥ္စရာ၊ မေ / ၂၀၂၄

အာရက္ခတပ်တော်( AA) ထိန်းချုပ်ထားရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကျန်လက်နက်ကို ထုခွဲကစားရာမှ ၁၀နှစ်အောက်အရွယ် ကလေး ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ပလက်ဝမြို့နယ်၊ခဝဲကျေးရွာမှ  မောင်အောင်မိထွန်း အသက်(၁၀) မောင်အောင်လင်းစိုး အသက် (၁၀)နှစ်၊ မောင်လင်းမြတ် အသက် ()နှစ်နှင့် မောင်အောင်လင်းထွန်း အသက် ()နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ မောင်အောင်စိုးလင်းအသက် ()နှစ် ဖြစ်ကြောင်းသိရသည်။

၄င်းကလေးငယ် ဦးမှာ ရွာပြင်ရှိ လယ်ကွင်းပြင်တွင် ကစားနေစဥ် မပေါက်ကွဲသေးသည့် စစ်ကျန် လက်နက်ကြီးတစ်လုံးကို တွေ့ ထုခွဲကစားရာမှ ပေါက်ကွဲသွားသဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

ကလေးတွေက အုပ်စုလိုက်ကစားနေကြတာ အကုန်လုံးယောကျ်ားလေးတွေပဲ ယောက်။ ခဝဲရွာနားမှာ အရင်က စစ်ကောင်စီ စခန်းရှိခဲ့တယ်။ အဲ့ဒီစခန်းက ကျန်ခဲ့တဲ့စစ်ကျန်လက်နက်ကိုတွေ့တော့ ကလေးတွေက မသိလို့ ထုခွဲကစားကြတာမှာ ၄ယောက် သေသွားကြတာ။ တစ်ယောက်ကတော့ ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေတယ်ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ ခဝဲဗျူဟာကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၇ ရက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ပလက်ဝမြို့တစ်ခုလုံးကို အာရက္ခတပ်တော်မှထိန်းချုပ်ထားပြီ တည်ငြိမ်အေးချမ်းလျက်ရှိသည့် နေမြေများတွင် ယခုကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံနေရသည်အတွက် စိတ်မကောင်းဖြစ်ရပြီး အသိပညာပေးမှုများလည်း လိုအပ်နေသည်ဟု ကျောက်တော်မြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ဒီလိုဖြစ်ရပ်တွေက မကြာမကြာဖြစ်နေတာ တွေ့နေရ မြင်နေရတယ် စိတ်မကောင်းဘူး။ အရွယ်မရောက်သေးတဲ့ အနာဂတ်ကြယ်ကလေးတွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတယ်။ အဓိက အသိပညာတွေအများကြီးပေးဖို့လိုအပ်တယ် ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသား ကျေးရွာတွင်  စစ်ကျန်လက်နက်‌ဗုံး ကို ထုခွဲကစားရာမှ  အသက် ()နှစ်မှ (၁၁)အရွယ်ကြား ကလေးငယ်   ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

ဧပြီ ၂၂ ရက်နေ့ကလည်း မောင်တောမြို့နယ် သရက်အုပ်ကျေးရွာတွင် စစ်ကျန်လက်နက်ဗုံးကို ထုခွဲကစား၍ အသက် ၁၀ နှစ်အောက်အရွယ် ကလေးငယ် ဦးပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဆက်စပ် သတင်းများ