Preview

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စနဲမြို့ကို စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံ ဗုံးကြဲ၍ အပျက်အစီးရှိ

မေ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :1287
ရခိုင် သတင်း

(မြို့ထဲတွင် အရပ်သားတချို့ ပိတ်မိနေ)

သဉ္စာနွယ်/ နိရဉ္စရာ၊ မေ ၉ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊စနဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးထပ်မံလာကြဲခဲ့သည့်အတွက် အပျက်အစီး တချို့ရှိကြောင်း သတင်းရရှိသည်။

စနဲမြို့ကို ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁၁နာရီ ခန့်က တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် သုံးကြိမ်တိုင်တိုင်  ဗုံးလာကြဲခဲ့သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ မနေ့ကလည်းလာကြဲတယ်။ ဒီနေ့လည်းထပ်ကြဲတယ်။ လူတော့အထိအခိုက်မရှိဘူး။ အပျက်အစီးတော့ နည်းနည်းရှိတယ်။ အိမ်တချို့နဲ့ အဆောက်အအုံတစ်ချို့လည်းမီးလောင်တယ်” ဟုပြောသည်။

စနဲမြို့ရှိ ဈေးနှင့် ကားဂိတ်အနီးကို လာကြဲခြင်းဖြစ်ပြီး အဆောက်အဦတချို့ ပျက်စီးမှုရှိကြောင်း ၎င်းက ပြောသည်။ 

မြို့ထဲတွင်လည်း ထွက်မပြေးနိုင်သေးသည့် လူများလည်း အနည်းငယ်ရှိနေသေးသည်ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“စနဲမြို့ကUlA/AA ထိန်းချုပ်ထားတဲ့မြို့ဖြစ်တာကြောင့်  သူတို့က ကိုယ့်ဖက်ကလူတွေရှိတယ် ဆိုတဲ့ သံသယနဲ့လာကြဲကြတာ။ မြို့ပေါ်က လူအများစုကတော့ တိမ်းရှောင်နေကြတာကြာပြီ။ တချို့အနည်းငယ်လောက်တော့ ကျန်နေသေးတယ်” ဟုပြောသည်။

ယမန်နေ့ မေလ ၈ ရက်နေ့မနက် ရှစ်နာရီအချိန်ကလည်း စနဲမြို့ကို စစ်ကောင်စီဒရုန်းက ဗုံး ရ လုံးထိကြဲချခဲ့ရာ တစ်လုံးမှာ ဈေးအပြင်တန်းဟင်းသီးဟင်းရွက်တန်းကို ကျကွဲပြီး အမျိုးသမီး တစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာပြင်းထန်ရရှိသွားကြောင်းသတင်းရရှိသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူမြို့နယ် ဂန့်ဂါကျေးရွာကိုလည်း စစ်ကောင်စီ၏ တော်ဦးမော်ရေတပ်စခန်းအနီးက ဖရုံသီးကျွန်းတွင်ရပ်နားထားသည့် နေဗီမှ လက်နက်ကျည်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၁၉ နှစ်အရွယ်ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.