(စစ်ကောင်စီက အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၍ ဒေသခံများအသက်လုထွက်ပြေးနေကြ၇)
သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၉/ ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရွှေလှေတိုက်နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီကအတွဲလိုက်ဒုံးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သတင်းရရှိသည်။
ယနေ့ မေ ၉ ရက်နေ့ ညနေ ၆နာရီခန့်မှစ၍ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ကွေ့ချောင်းကျေးရွာနှင့် နတ်တောင်မော်ကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟုသံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
" အခု ၆ နာရီထိုးဖို့၁၅ မိနစ်အလိုကဘဲ တခါပစ်ရင် ပထမတစ်ကြိမ် က ၅ လုံးထွက်တယ်။ပြီးတော့ လေးလုံးတွဲ သုံးလုံးတွဲ အဲသလိုမျိုးပစ်သံကြားတယ်။ဘယ်နှစ်လုံးကျပြီလဲမသိဘူးပစ်နေ
လက်နက်ကြီးဖြင့် လက်ရှိညနေ ၆နာရီကျော်အထိပစ်ခတ်လျက်ရှိပြီး မည်သည့်ကျေးရွာတွင် ကျရောက်ပေါက်ကွဲသည်ကိုမသိရသေးဝေကြာင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ အသက်လု ထွက်ပြေးနေကြရသည်ဟုနတ်တော်မော်ကျေးရွာသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" လက်နက်ကျည်က ရွာတွေအထဲကိုတော့ကျမကျတော့ မသိရဘူး။ လယ်ကွင်းပြင်တွေကိုတော့ ကျတယ်။ကြည့်ဖို့လည်း အချိန်မရခဲ့ဘူး။ထွက်ပြေးလာရတာ " ဟု ၎င်းက ပြောသည်။
ရွှေလှေတိုက်နယ်၊ကွေ့ချောင်းအုပ်စု တဝိုက် နတ်တော်မော်၊ ကွေးချောင်း၊ ရေစင်ကျေးရွာမှ ဒေသခံ များမှာ ထွက်ပြေးလာကြရကြောင်းဒေသခံများကပြောသည်။
လက်ရှိ သံတွဲမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်
သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသောအာရက္ခတပ်တော်နှင့် တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီသည်ဧရာ၀တီတိုင်းနှင့်ဂွမြို့ တို့မှ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကိုခေါ်ယူကာ အင်အားဖြည့်တင်းနေကြောင်းစစ်ကောင်စီနှင့်နီးစပ်သော သံတွဲဒေသခံများထံမှ သိရသည်။
သံတွဲမြို့နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းမှအလုပ်သမားများနှင့် မိသားစုများ၊ ဒေါ်မြ၊ ပုရစ်၊ ရေကောက်၊ ကျောင်းကုန်း၊ ရွှေလှေကျေးရွာမျာ