Preview

မောင်တောမြို့မှ ရခိုင်လူမျိုးများ မြို့ကိုစွန့်ခွာထွက်ပြေး

မေ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1737
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၁ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောတွင် မြို့အဝင်အထွက် တံတားများကို စစ်ကောင်စီက ဖောက်ခွဲ ဖျက်ဆီးလိုက်ပြီးနောက်မြို့ကိုပိတ်ဆို့ထားသဖြင့် လုံခြုံရေး စိုးရိမ်ရရာမှ ရခိုင်လူမျိုးများ သောင်းနဲ့ချီပြီး မြို့ကို စွန့်ခွာ ထွက်ပြေးနေကြရကြောင်း မောင်တောဒေသခံများထံမှသိ၇သည်။

"မောင်တောမြို့ပေါ်က၇ခိုင်လူမျိုး မြို့လုံးကျွတ်နီးပါးထွက်ပြေးနေကြတာ။ မြို့ပေါ်မှာ ၂၀ ရာခိုင်နှုန်းတောင် မကျန်တော့ဘူး။ မြို့ပြင်ကိုထွက်တဲ့လမ်းတွေအားလုံး စစ်တပ်က ပိတ်ဆို့ ထားလိုက်တော့ လုံခြုံရေးက စိုးရိမ်စရာဖြစ်သွားတယ်။ထွက်ပြေးကြတာက နေရာစုံမြို့စုံပါ။ ဆွေမျိုးတွေရှိတဲ့နယ်က ကျေးရွာတွေကို ထွက်ပြေးနေကြတာ” ဟု ပြောကြားသည်။

စစ်ကောင်စီသည်  မောင်တောမြို့နှင့် ဆက်သွယ်ထား သည့် တံတား ၄ စင်အား မိုင်းခွဲ ဖျက်ဆီးလိုက်ပြီးနောက် မေလ၉ ရက် နံနက်မှ စတင်ပြီးမောင်တောမြို့အား ပိတ်ဆို့ထားကြောင်း သိ၇သည်။

မောင်တောမြို့ ခံ မွတ်ဆလင်တစ်ဦးက" မောင်တောမြို့က ထွက်ပြေးနေကြတာ မြို့ထဲကရခိုင်တွေပါ။ကျွန်တော်တို့ မွတ်ဆလင်တွေက ပြေးဖို့နေရာလည်း မရှိဘူး။ ဘင်္ဂလာဖက်ကိုပြေးရင်လည်း အန္တရယ်ရှိတယ်။မြို့ပေါ်က ဟိန္ဒူတွေလည်း ပြေးတာမတွေ့ရဘူး။ ရခိုင်တွေဘဲ ထွက်ပြေးနေတာ တွေ့ရတယ်။ သူတို့လည်း လုံခြုံရေးစိုးရိမ်လို့ ဖြစ်မှာပေါ့"ဟု ပြောကြားသည်။


မောင်တောမြို့ပေါ်က ထွက်ပြေးရာတွင် ရခိုင်လူမျိုးများသာဖြစ်ပြီး ဟိန္ဒူနှင့် မွတ်ဆလင်များမှာ ထွက်ပြေးခြင်း မရှိသေးကြောင်းဒေသခံများထံမှ သိ၇သည်။

မောင်တောကမ်းထိုးရေယာဥ်၃ စီး ဖြင့် ရောက်ရှိလာတဲ့ တပ်မ (၂၂) စစ်သားများနှင့် မောင်တောဒေသမှ စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်များသည် မောင်တောမြို့ပတ်လည်၌ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး မြို့အားပိတ်ဆို့ထားသလို မြို့ကို ပတ်ကာ အင်အားပြ သွားလာမှုများလည်း ရှိနေသည်ဟု ဒေသခံများကပြောသည်။

မောင်တောမြို့ပေါ်တွင် အုပ်ချုပ်ရေး မရေမရာဖြစ်နေသဖြင့် မောင်တောမြို့တွင်းရှိ ရခိုင်ဒေသခံများမှာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့်ရရာလမ်းကြောင်းများမှထွက်ပြေးနေကြရခြင်းဖြစ်သည်ဟုသိရှိ၇သည်။

#မောင်တောမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.