နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၁ ရက်/၂၀၂၇ခိုင်ပြည်၊မောင်တော၌စစ်သင် တန်းဆင်းမွတ်ဆလင်စစ်သား ပစ်သတ်၍စစ်ကောင်စီ ဗမာစစ်သားတစ်ဦး မေလ ၁၀ ရက်နေ့ ညနေပိုင်း၌ သေဆုံးသွားခဲ့ကြောင်း ဒေသခံမွတ်ဆလင်များထံမှ သိ၇သည်။
"သူတို့ကမောင်တော ၅ရပ်ကွက် အလွန်ဧတလီယာကျေးရွာအုပ်စု ဆားကုန်ဘုတ်ကျေးရွာက စာသင်ကျောင်းမှာစခန်းချနေကြတာ။ ရန်ဖြစ်ကြတာလို့သိတယ်။ ဗမာစစ်သားကို မွတ်ဆလင် စစ်သားကသေနတ်နဲ့ပစ်သတ်လိုက်တာ" ဟုပြောကြား သည်။
သေဆုံးသူမှာမောင်တောသို့ မေလ ၆ ရက်နေ့၌ စစ်အင်းအားဖြည့်တင်းလာတဲ့ တပ်မ ၂၂ မှ တပ်သားတစ်ဦး ဖြစ်ပြီး မောင်တောမြို့ဧတလီယာကျေးရွာ အုပ်စု ဆားကုန်ဘုတ်ကျေးရွာ ရှိ စာသင်ကျောင်း၌ မေလ ၁၀ရက်ညနေ့ပိုင်း၌ စခန်းချရပ်နားနေကြစဥ် စကားများ ရန်ဖြစ်ကြပြီးစစ်သင်တန်းဆင်းမွတ်ဆလင်စစ်သား မှဗမာစစ်သားတစ်ဦးအား ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ဦးခေါင်း၌ ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့၇တာလို့မျက်မြင်ဒေသတွေပြောဆိုသည်။
"သေဆုံးသူ နာမည်ကိုဘယ်လိုသိနိုင်မလဲ့ဗျာ။ ကျွန်တော်တို့ ဆားကုန်ဘုတ်ရွာတောင်မြို့ပေါ်ကို ထွက်ပြေးလာခဲ့ကြ၇တာ"ဟု ဒေသခံမွတိဆလင်တစ်ဦးကပြောဆိုသည်။
မောင်တောသို့မေလ ၆ ရက်နေ ကညင်ချောင်းစီးပွါးရေးဇုန် မှ ကမ်းထိုးရေယာဥ် ၃ စီးဖြင့် ရောက်ရှိ လာသည့် တပ်မ၂၂ မှစစ်သားများ နှင့် မောင်တောဒေသမှ စစ်သင်တန်းဆင်းမွတ်ဆလင် စစ်သားများမှာ မောင်တောမြို့ပတ် လည်ရှိ မွတ်ဆလင်ကျေးရွာများ၌ စခန်းချနေရာယူထားကြပြီး မြို့အားပိတ်ဆို့ထားတာလည်ဖြစ်သည်။