- Web Master
- ၀၅ ဧပြီ ၂၀၂၄
ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၄
ကုလသမဂ္ဂတွင် ပါလက်စတိုင်းကို တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ်ပါ ၀င်ခွင့်ရဖို့ အတွက် အပြည့်အ၀ ထောက်ခံအားပေးသည့် ဆုံးဖြတ်ချက် ကို ကုလသမဂ္ဂထွေထွေညီလာခံက အတည်ပြုလိုက်ကြောင်း UN News ကသတင်းဖော်ပြသည်။
ကုလသမဂ္ဂတွင် ပါလက်စတိုင်း၏ အခွင့်အရေးများ တိုးချဲ့ရရှိရေး ကုလသမဂ္ဂတွင် တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ်ပါ ၀င်ခွင့်ရရှိရေး အတွက် အပြည့်အ၀ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၁၄၃)မဲ၊ ကန့်ကွက်မဲ (၉)မဲ၊ ကြားနေမဲ(၂၅)မဲဖြင့် ကုလသမဂ္ဂထွေထွေညီလာခံကမေလ ၁၀ ရက်တွင် အတည်ပြုခဲ့သည်။
ကန်ကွက်မဲပေး သည့်(၉)
နိုင်ငံတွင်အမေရိကန်နှင့်အစ္စရေးနိုင်
အဆိုပါ
ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ပါလက်စတိုင်းကို ကုလသမဂ္ဂတွင် တင်းပြည့် အဖွဲ့ဝင်
ကုလသမဂ္ဂတွင်တင်းပြည့်အဖွဲ့ဝင်
အာရပ်စော်ဘွားများ ပြည်ထောင်စုမှ တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းတွင် ပါလက်စတိုင်း နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ် ၄ အရ ပါလက်စတိုင်းနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် အရည်အချင်းပြည့်မီကြောင်း ထို့ကြောင့် လက်ခံ သင့်သည်ဟု ဖော်ပြထားသည်။ဒ
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး
Vivian Balakrishnan က
ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ဂရုတစိုက် ထည့်သွင်းစဉ်းစားပြီးနောက် စင်ကာပူက ထောက်ခံမဲပေးရန်
ရွေးချယ်ခဲ့ကြောင်း
မဲခွဲဆုံးဖြ
"စင်္ကာပူနိုင်ငံသားအားလုံးက အစ္စရေးနဲ့ ပါလက်စတိုင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအပေါ် ငြိမ်းချမ်းရေးရဖို့ ဆန္ဒရှိကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ဒီကိစ္စကို သဘောထားကြီးကြီးနဲ့ ပြန်လည်သုံးသပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်"ဟုVivian Balakrishnan က ပြောသည်။
ပါလက်စတိုင်းလူမျိုးများသည် အစ္စရေးလူမျိုးများကဲ့သို့ တူညီသောအခွင့်အရေးများကို ခံစားသင့်သည်ဟု တရုတ်သံအမတ်ကြီး FU Cong က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသံအမတ်ကြီး
Vassily Nebenzia ကလည်း “ပြီးပြည့်စုံသောအဖွဲ့ဝင်ဖြစ်
ကန့်ကွက်မဲပေးခဲ့သည့် အစ္စရေးမှ သံအမတ်ကြီး Gilad Erdan က ကုလသမဂ္ဂသည် လူသတ်အာဏာရှင်များနှင့်အတူ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့သည်။
ယခုဆုံးဖြတ်ချက်သည် ဗီတိုအာဏာသုံးခွင့်ရှိသည့် အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် ဗြိတိန် အပါအ၀င်အဖွဲ့ဝင် ၁၅ နိုင်ငံပါ၀င်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံက ပါလက်စတိုင်းကို အဖွဲ့ဝင် ဖြစ်ရန် ကြိုးပမ်းမှုမှန်သမျှကို အမေရိကန်က ဗီတိုအာဏာဖြင့် ထပ်မံပိတ်ဆို့ခံရဖွယ်ရှိသည် ဟု UN News ကဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကသာ ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခွင့်ကို ဆုံးဖြတ် နိုင်တာမို့ အမေရိကန်က သူ့ရဲ့ဗီတိုအာဏာကို အသုံး ပြုပယ်ချရန် သေချာသလောက် ရှိနေသည်ဟု CNA ကလည်းဖော်ပြထား သည်။
Source/ UN News & CAN